နေ့စဉ်ဘဝမှာ ဖုန်းက မရှိမဖြစ်ပါပဲ။ ဘယ်နေရာ သွားသွား ဖုန်းက အမြဲတမ်းပါပါတယ်။ ထမင်းစားတဲ့အချိန်မှာ ဖြစ်ဖြစ်၊ ဘတ်စ်ကားစီးတဲ့အချိန်မှာပဲ ဖြစ်ဖြစ် ဖုန်းက အမြဲတမ်းပါပါတယ်။
ဖုန်းကို အဆင်သင့်သုံးလို့ရအောင်လို့ ဖုန်းအားပြည့်နေဖို့ကလည်း လိုပါသေးတယ်။ အဲဒါကြောင့် ဖုန်းကို ကိုယ်နဲ့အနီးဆုံး နေရာတွေမှာ ဖုန်းအားသွင်းတတ်ကြပါတယ်။
အိပ်ရာဘေးမှာ ဖုန်းအားသွင်းရင်း ဓါတ်လိုက်သေသွားကြတဲ့ သူတွေလည်း မနည်းပါဘူး။ ဒါ့အပြင် တချို့က ရေချိုးခန်းထဲမှာ ရေချိုးရင်းနဲ့ ဖုန်းအားသွင်းတတ်ကြပါတယ်။ ရေချိုးခန်းထဲမှာ ရေချိုးရင်းနဲ့ ဖုန်းအားသွင်းတတ်တာက အသက်အန္တရာယ်နဲ့ အလွန်နီးပါတယ်။
ပြင်သစ်နိုင်ငံက အသက် ၁၅ နှစ်အရွယ် မိန်းကလေးတစ်ယောက်ဟာ ရေချိုးရင်း ဖုန်းအားသွင်းတာကြောင့် ဓါတ်လိုက်ပြီး သေဆုံးသွားကြပါတယ်။ အဲဒီမိန်းကလေးက ရေချိူးခန်းထဲက ပလပ်ပေါက်မှာ ဖုန်းကို အားသွင်းထားခဲ့ပါတယ်။ မထင်မှတ်ဘဲ ရေချိူးရင်းချော်သွားပြီး အားသွင်းနေတဲ့ဖုန်းကို လက်နဲ့ ထိမိသွားခဲ့ပါတယ်။ မိန်းကလေးက ချက်ချင်း ဓါတ်လိုက်သွားပြီး ကြမ်းပေါ် လဲကျသွားခဲ့ပါတယ်။ သတိလည်း မေ့သွားခဲ့ပါတယ်။
သူမရဲ့အဖေက ဆေးရုံကို အပြေးအလွှား သွားခဲ့ပေမယ့် နှလုံးကို ထိသွားတာကြောင့် သေဆုံးသွားခဲ့ပါတယ်။ သူမရဲ့မိဘတွေက ရေချိုးနေတုန်း ရေချိုးခန်းထဲမှာ ဖုန်းအားမသွင်းဖို့ ပြောပေမယ့် သူမက နားမထောင်ခဲ့ပါဘူး။ အဲဒါကြောင့် ဖုန်းအားသွင်းမယ်ဆိုရင် အိပ်ရာဘေး၊ ရေချိုးခန်း၊ မီးဖိုခန်းတို့က အလွန်ကို အန္တရာယ်များပါတယ်။
Zombie (Love Media)
For Zawgyi
ေရခ်ိဳးေနတုန္း ေရခ်ိဳးခန္းထဲမွာ ဖုန္းအားသြင္းမိလို႔ ဓါတ္လိုက္ၿပီး ေသသြားတဲ့ မိန္းကေလး
ေန႔စဥ္ဘဝမွာ ဖုန္းက မရွိမျဖစ္ပါပဲ။ ဘယ္ေနရာသြားသြား ဖုန္းက အၿမဲတမ္းပါပါတယ္။ ထမင္းစားတဲ့အခ်ိန္မွာ ျဖစ္ျဖစ္၊ ဘတ္စ္ကားစီးတဲ့အခ်ိန္မွာပဲ ျဖစ္ျဖစ္ ဖုန္းက အၿမဲတမ္းပါပါတယ္။
ဖုန္းကို အဆင္သင့္သုံးလို႔ရေအာင္လို႔ ဖုန္းအားျပည့္ေနဖို႔ကလည္း လိုပါေသးတယ္။ အဲဒါေၾကာင့္ ဖုန္းကို ကိုယ္နဲ႔အနီးဆုံးေနရာေတြမွာ ဖုန္းအားသြင္းတတ္ၾကပါတယ္။
အိပ္ရာေဘးမွာ ဖုန္းအားသြင္းရင္း ဓါတ္လိုက္ေသသြားၾကတဲ့ သူေတြလည္း မနည္းပါဘူး။ ဒါ့အျပင္ တခ်ိဳ႕က ေရခ်ိဳးခန္းထဲမွာ ေရခ်ိဳးရင္းနဲ႔ ဖုန္းအားသြင္းတတ္ၾကပါတယ္။ ေရခ်ိဳးခန္းထဲမွာ ေရခ်ိဳးရင္းနဲ႔ ဖုန္းအားသြင္းတတ္တာက အသက္အႏၲရာယ္နဲ႔ အလြန္နီးပါတယ္။
ျပင္သစ္ႏိုင္ငံက အသက္ ၁၅ ႏွစ္အ႐ြယ္ မိန္းကေလးတစ္ေယာက္ဟာ ေရခ်ိဳးရင္း ဖုန္းအားသြင္းတာေၾကာင့္ ဓါတ္လိုက္ၿပီး ေသဆုံးသြားၾကပါတယ္။ အဲဒီမိန္းကေလးက ေရခ်ိဴးခန္းထဲက ပလပ္ေပါက္မွာ ဖုန္းကို အားသြင္းထားခဲ့ပါတယ္။ မထင္မွတ္ဘဲ ေရခ်ိဴးရင္းေခ်ာ္သြားၿပီး အားသြင္းေနတဲ့ဖုန္းကို လက္နဲ႔ ထိမိသြားခဲ့ပါတယ္။ မိန္းကေလးက ခ်က္ခ်င္း ဓါတ္လိုက္သြားၿပီး ၾကမ္းေပၚ လဲက်သြားခဲ့ပါတယ္။ သတိလည္း ေမ့သြားခဲ့ပါတယ္။
သူမရဲ႕အေဖက ေဆး႐ုံကို အေျပးအလႊား သြားခဲ့ေပမယ့္ ႏွလုံးကို ထိသြားတာေၾကာင့္ ေသဆုံးသြားခဲ့ပါတယ္။ သူမရဲ႕မိဘေတြက ေရခ်ိဳးေနတုန္း ေရခ်ိဳးခန္းထဲမွာ ဖုန္းအားမသြင္းဖို႔ ေျပာေပမယ့္ သူမက နားမေထာင္ခဲ့ပါဘူး။ အဲဒါေၾကာင့္ ဖုန္းအားသြင္းမယ္ဆိုရင္ အိပ္ရာေဘး၊ ေရခ်ိဳးခန္း၊ မီးဖိုခန္းတို႔က အလြန္ကို အႏၲရာယ္မ်ားပါတယ္။
Zombie (Love Media)
0 Comments