တချို့တွေက အချစ်နဲ့ ပတ်သက်လာရင် မတန်တဆ ချစ်ပေးတတ်၊ ဂရုစိုက်ပေး တတ်ပါတယ်။ ပန်းစည်း တစ်စည်းလေးပဲဖြစ်ဖြစ်၊ ခေါင်းစည်းကြိုးလေး တစ်ကွင်းကပဲဖြစ်ဖြစ် ကိုယ်ချစ်တဲ့သူကို ပျော်ရွှင်အောင် လုပ်ပေးနိုင်ပါတယ်။
အခု လတ်တလောမှာတော့ တရုတ်နိုင်ငံက အမျိုးသားတစ်ဦးရဲ့ video က social media မှာ ပျံ့နှံ့နေပါတယ်။ video ထဲမှာ Xio ဆိုတဲ့အမျိုးသားက သူ့ရဲ့ crush ရှေ့မှာ ဒူးထောက်ပြီး သူချစ်နေတဲ့ အကြောင်းကို ငှက်ပျောသီးပန်းစည်းနဲ့ ဖွင့်ပြောခဲ့ပါတယ်။
ငှက်ပျောသီးပန်းစည်းနဲ့ ချစ်ခွင့်ပန်တာက ငွေကုန်ကြေးကျတော့ မများပါဘူး။ ဒါပေမယ့် သူ့ရဲ့လက်ဆောင်အတွက် ရွေးချယ်မှုကတော့ တစ်မျိုး ထူးခြားနေပါတယ်။ Xio ရဲ့crush က ယောကျ်ားလေး သူငယ်ချင်းတစ်ယောက်နဲ့အတူ စျေးဝယ်စင်တာတစ်ခုမှာ ကော်ဖီသောက်နေပါတယ်။ အဲဒီအချိန်မှာ Xio က ကိုယ်တိုင် လုပ်ထားတဲ့ ငှက်ပျောသီး ပန်းစည်းကြီးကို ကိုင်ပြီး ချစ်ခွင့်ပန်တာပါ။
" ကျွန်တော်က သူ့အတွက် အလွန်ထူးခြားတဲ့ လက်ဆောင်ကို ယူလာခဲ့တာ။ သူ့ကို ဘယ်သူကမှ ဖွင့်မပြောခင် ကျွန်တော် အရင်ဆုံးပြောချင်တာ။ ကျွန်တော် crush ခဲ့သမျှထဲမှာ သူက အကြာဆုံးပဲ။ သူ ငှက်ပျောသီးကြိုက်တာကို သိတယ်လေ။ အဲဒါကြောင့် အထူးပြင်ဆင်လာခဲ့တာ"လို့ Xio က video ထဲမှာ ပြောနေပါတယ်။
သူ့ရဲ့ crush ကတော့ ငှက်ပျောသီးနဲ့ ချစ်ခွင့်ပန်ခံရလို့ အံ့သြသွားပုံပါပဲ။ အဲဒါကြောင့် မြန်မြန် ထသွားပါတယ်။ ဒါပေမယ့် Xio ကတော့ ဇွဲရှိရှိနဲ့ ချစ်ခွင့်ပန်နေဆဲပါပဲ။ Xio ရဲ့crush ကတော့ ပြန်လှည့်လာပြီး သူ့ကို စိတ်မဝင်စားကြောင်း ပြောလိုက်တဲ့အခါ Xio က ကြမ်းပေါ်မှာ ထိုင်လိုက်ပါတယ်။ Xio ရဲ့ပုံစံက ဒေါသထွက်နေပုံပါပဲ။ Xio ရဲ့crush ကလည်း စိတ်အနှောင့်အယှက် ဖြစ်နေပါတယ်။ Xio ကတော့ " အရှုံးမပေးဘူး။ သူပြန်ချစ်လာတဲ့အထိ ကြိုးစားမယ် " လို့ ပြောပါတယ်။
သူ့ရဲ့ video ကတော့ Tiktok မှာ အရမ်း အောင်မြင်နေပါပြီ။ တချို့ကလည်း Xio ရဲ့ အချစ်အတွက် သတ္တိရှိမှုကို ချီးကျူးနေကြပါတယ်။ တချို့ကလည်း ဒီလိုအပြုအမူမျိုးနဲ့ မိန်းကလေးတစ်ယောက်ကို အနေရခက်အောင် မပြုလုပ်သင့်ကြောင်း ဝေဖန်နေကြပါတယ်။
" ကိုယ်တကယ် ချစ်တဲ့သူအတွက် ဆိုရင် ဘယ်သူတွေ ဘယ်လိုထင်ထင် ဂရုမစိုက်ဘူး" လို့ Xio က ပြောပါတယ်။
zombie (Lovemedia)
For Zawgyi
ငွက္ေပ်ာသီးေတြနဲ႔ ခ်စ္ခြင့္ပန္လို႔ အျငင္းခံလိုက္ရတဲ့အမ်ိဳးသား
တခ်ိဳ႕ေတြက အခ်စ္နဲ႔ ပတ္သက္လာရင္ မတန္တဆ ခ်စ္ေပးတတ္၊ ဂ႐ုစိုက္ေပး တတ္ပါတယ္။ ပန္းစည္း တစ္စည္းေလးပဲျဖစ္ျဖစ္၊ ေခါင္းစည္းႀကိဳးေလး တစ္ကြင္းကပဲျဖစ္ျဖစ္ ကိုယ္ခ်စ္တဲ့သူကို ေပ်ာ္႐ႊင္ေအာင္ လုပ္ေပးႏိုင္ပါတယ္။
အခု လတ္တေလာမွာေတာ့ တ႐ုတ္ႏိုင္ငံက အမ်ိဳးသားတစ္ဦးရဲ႕ video က social media မွာ ပ်ံ႕ႏွံ႔ေနပါတယ္။ video ထဲမွာ Xio ဆိုတဲ့အမ်ိဳးသားက သူ႔ရဲ႕ crush ေရွ႕မွာ ဒူးေထာက္ၿပီး သူခ်စ္ေနတဲ့ အေၾကာင္းကို ငွက္ေပ်ာသီးပန္းစည္းနဲ႔ ဖြင့္ေျပာခဲ့ပါတယ္။
ငွက္ေပ်ာသီးပန္းစည္းနဲ႔ ခ်စ္ခြင့္ပန္တာက ေငြကုန္ေၾကးက်ေတာ့ မမ်ားပါဘူး။ ဒါေပမယ့္ သူ႔ရဲ႕လက္ေဆာင္အတြက္ ေ႐ြးခ်ယ္မႈကေတာ့ တစ္မ်ိဳး ထူးျခားေနပါတယ္။ Xio ရဲ႕crush က ေယာက်္ားေလး သူငယ္ခ်င္းတစ္ေယာက္နဲ႔အတူ ေစ်းဝယ္စင္တာတစ္ခုမွာ ေကာ္ဖီေသာက္ေနပါတယ္။ အဲဒီအခ်ိန္မွာ Xio က ကိုယ္တိုင္ လုပ္ထားတဲ့ ငွက္ေပ်ာသီး ပန္းစည္းႀကီးကို ကိုင္ၿပီး ခ်စ္ခြင့္ပန္တာပါ။
" ကြၽန္ေတာ္က သူ႔အတြက္ အလြန္ထူးျခားတဲ့ လက္ေဆာင္ကို ယူလာခဲ့တာ။ သူ႔ကို ဘယ္သူကမွ ဖြင့္မေျပာခင္ ကြၽန္ေတာ္ အရင္ဆုံးေျပာခ်င္တာ။ ကြၽန္ေတာ္ crush ခဲ့သမွ်ထဲမွာ သူက အၾကာဆုံးပဲ။ သူ ငွက္ေပ်ာသီးႀကိဳက္တာကို သိတယ္ေလ။ အဲဒါေၾကာင့္ အထူးျပင္ဆင္လာခဲ့တာ"လို႔ Xio က video ထဲမွာ ေျပာေနပါတယ္။
သူ႔ရဲ႕ crush ကေတာ့ ငွက္ေပ်ာသီးနဲ႔ ခ်စ္ခြင့္ပန္ခံရလို႔ အံ့ၾသသြားပုံပါပဲ။ အဲဒါေၾကာင့္ ျမန္ျမန္ ထသြားပါတယ္။ ဒါေပမယ့္ Xio ကေတာ့ ဇြဲရွိရွိနဲ႔ ခ်စ္ခြင့္ပန္ေနဆဲပါပဲ။ Xio ရဲ႕crush ကေတာ့ ျပန္လွည့္လာၿပီး သူ႔ကို စိတ္မဝင္စားေၾကာင္း ေျပာလိုက္တဲ့အခါ Xio က ၾကမ္းေပၚမွာ ထိုင္လိုက္ပါတယ္။ Xio ရဲ႕ပုံစံက ေဒါသထြက္ေနပုံပါပဲ။ Xio ရဲ႕crush ကလည္း စိတ္အေႏွာင့္အယွက္ ျဖစ္ေနပါတယ္။ Xio ကေတာ့ " အရႈံးမေပးဘူး။ သူျပန္ခ်စ္လာတဲ့အထိ ႀကိဳးစားမယ္ " လို႔ ေျပာပါတယ္။
သူ႔ရဲ႕ video ကေတာ့ Tiktok မွာ အရမ္း ေအာင္ျမင္ေနပါၿပီ။ တခ်ိဳ႕ကလည္း Xio ရဲ႕ အခ်စ္အတြက္ သတၱိရွိမႈကို ခ်ီးက်ဴးေနၾကပါတယ္။ တခ်ိဳ႕ကလည္း ဒီလိုအျပဳအမူမ်ိဳးနဲ႔ မိန္းကေလးတစ္ေယာက္ကို အေနရခက္ေအာင္ မျပဳလုပ္သင့္ေၾကာင္း ေဝဖန္ေနၾကပါတယ္။
" ကိုယ္တကယ္ ခ်စ္တဲ့သူအတြက္ ဆိုရင္ ဘယ္သူေတြ ဘယ္လိုထင္ထင္ ဂ႐ုမစိုက္ဘူး" လို႔ Xio က ေျပာပါတယ္။
zombie (Lovemedia)
0 Comments