အာကာသယာဉ်မှူးတွေရဲ့ ဝိတတ်ချနည်းက ဇီဝတွင်းဖြစ်ပျက်မှုကို မြှင့်တင်ပေးပြီး တကယ်ကို ဝိတ်ကျစေပါတယ်။ ဒီနည်းကို လိုက်လုပ်ဖို့အတွက် အာကာသထဲအထိ သွားစရာ မလိုပါဘူးနော်။ ဒီကမ္ဘာမြေပြင်မှာ ပြုလုပ်ရင်ကို ရနေပါပြီ။

အမျိုးသမီး အာကာသယာဉ်မှူးတွေက အစားအစာများစွာကို ရှောင်ရပါတယ်။ အာကာသယာဉ်မှူးတွေ စားတဲ့အစားအစာက တကယ့်ကို ခြိုးခြံပြီး ပရိုတိန်းဓါတ်တွေလည်း ပြည့်နေပါတယ်။ အမျှင်ဓါတ်နဲ့ ကာဗိုဟိုက်ဒရိတ် ပါဝင်တဲ့ အစားအစာတွေကို နည်းနိုင်သမျှ နည်းနည်းပဲ စားကြပါတယ်။ ဒီဝိတ်ချနည်းမှာ ပရိုတိန်းဓါတ်ကို များများစားပေးရပါတယ်။ ဒီနည်းက ဝိတ်ကျတာမြန်ပြီး ကြွက်သားတွေကိုလည်း ထိခိုက်မှုမရှိစေပါဘူး။ 

ရှောင်ရမယ့်အစားအစာများ

-ဆိုဒါနှင့် သစ်သီးဖျော်ရည်များ

-အယ်ကိုလ်ဟော

-ဆားနှင့်သကြား

-ကစီဓါတ်ပါသော အသီးများ(အာလူး၊ မုန်လာဥနီ၊ ရွက်စားမုန်လာ၊ မုန်လာဥနီ)

-ထမင်းနှင့် အီတလီခေါက်ဆွဲ

-ပေါင်မုန့်၊  ဂျုံနှင့်ပြုလုပ်ထားသောမုန့်များ (ပီဇာ)

-အသားကင်များ

ပိုစားရမယ့် အစားအစာများ

အမဲသားအစား ငါး၊ ဝက်ပေါင်ခြောက်အစား ကြက်ဥကို စားပေးရမှာပါ။ 

-မှို

-ကြက်ဥ

-ငါးနှင့် ကြက်သား

-ခရမ်းချဉ်သီးနှင့် သခွားသီး

-ဆလပ်ရွက်နှင့် ဂေါ်ဖီထုပ်

- ဂေါ်ဖီစိမ်း၊ ပန်းဂေါ်ဖီ၊ အစိမ်းရောင်ရှိသောပဲများ

-ဖရုံသီး

-ဟင်းသီးဟင်းရွက်သုပ်

-ဒိန်ခဲနှင့် တိုဖူး

-မက်မွန်၊ ပဲပုပ်ပဲ

မနက်စာ

ကြက်ဥပြုတ်၂ လုံး၊ နို့နှင့်သကြားမပါသော ကော်ဖီ

နေ့လယ်စာ

ကြက်ရင်အုပ်သား၊ ကြက်စွပ်ပြုတ်၊ ခရမ်းချဉ်သီးနှင့် မှိုသုပ်၊ ပဲနို့တစ်ခွက် သို့မဟုတ် black coffee

အဆာပြေအစားအစာ

လိ မ္မော်ဖျော်ရည် သို့မဟုတ် green tea

ညစာ

နွားနို့၊ ငါး၊ တိုဖူး ၁၅၀ ဂရမ်

တိုဖူးအစား ဒိန်ခဲ၊ ကြက်သားအစား ငါးတို့ကို စားပေးနိုင်သလို ကော်ဖီအစား green tea၊ လိမ္မော်ဖျော်ရည်အစား ပန်းသီးဖျော်ရည်ကို သောက်ပေးလို့ရပါတယ်။

အရေးကြီးသောအချက်များ

ဗီတာမင်နဲ့ သတ္ထုဓါတ်တွေကိုတော့ မေ့ထားလို့မရပါဘူး။ နေ့စဉ်လမ်းလျှောက်ဖို့၊ ပြေးဖို့လည်း လိုပါတယ်။ ရေတစ်နေ့ကို ၂လီတာသောက်ဖို့လည်း မမေ့ပါနဲ့နော်။

အစာအိမ်ကို ဘယ်လိုသန့်ရှင်းရေး လုပ်ကြမလဲ

အဓိက အရေးကြီးဆုံးကတော့ ကာဗိုဟိုက်ဒရိတ် ပါဝင်တဲ့အစားအစာတွေကို လျှော့ချဖို့ပါ။ အစာချေစနစ်က မညီမျှတော့ရင် အစာအိမ်အချဉ်ပေါက်တတ်ပါတယ်။ အဲဒါကြောင့်..

-တစ်နေကုန် ရေဓါတ်ပြည့်အောင် နေပါ။

-ဆီကြော်မုန့်၊ အပူအစပ်၊ အဆီများသော အစားအစာ၊ အချိုများသော အစားအစာ၊ အရက်တွေကို ရှောင်သင့်ပါတယ်။

-ဆေးလိပ်မသောက်သင့်ပါဘူး။

-ဆီးသီးခြောက်ကို ပိုစားပါ။

-စားပြီးရင် မလဲလျောင်းပါနှင့်။ 

-ချက်ပြုတ်တဲ့အခါ ထောပတ်အစား သံလွင်ဆီကို သုံးပါ။

-ဂျင်းဖျော်ရည်၊ ပူစီနံဖျော်ရည်တို့ကို သောက်ပါ။

Zombie (Lovemedia)

For Zawgyi

အာကာသယာဥ္မႉးေတြရဲ႕ ၁၃ ရက္အတြင္း ဝိတ္ခ်နည္း

အာကာသယာဥ္မႉးေတြရဲ႕ ဝိတတ္ခ်နည္းက ဇီဝတြင္းျဖစ္ပ်က္မႈကို ျမႇင့္တင္ေပးၿပီး တကယ္ကို ဝိတ္က်ေစပါတယ္။ ဒီနည္းကို လိုက္လုပ္ဖို႔အတြက္ အာကာသထဲအထိ သြားစရာ မလိုပါဘူးေနာ္။ ဒီကမာၻေျမျပင္မွာ ျပဳလုပ္ရင္ကို ရေနပါၿပီ။

အမ်ိဳးသမီး အာကာသယာဥ္မႉးေတြက အစားအစာမ်ားစြာကို ေရွာင္ရပါတယ္။ အာကာသယာဥ္မႉးေတြ စားတဲ့အစားအစာက တကယ့္ကို ၿခိဳးၿခံၿပီး ပ႐ိုတိန္းဓါတ္ေတြလည္း ျပည့္ေနပါတယ္။ အမွ်င္ဓါတ္နဲ႔ ကာဗိုဟိုက္ဒရိတ္ ပါဝင္တဲ့ အစားအစာေတြကို နည္းႏိုင္သမွ် နည္းနည္းပဲ စားၾကပါတယ္။ ဒီဝိတ္ခ်နည္းမွာ ပ႐ိုတိန္းဓါတ္ကို မ်ားမ်ားစားေပးရပါတယ္။ ဒီနည္းက ဝိတ္က်တာျမန္ၿပီး ႂကြက္သားေတြကိုလည္း ထိခိုက္မႈမရွိေစပါဘူး။ 

ေရွာင္ရမယ့္အစားအစာမ်ား

-ဆိုဒါႏွင့္ သစ္သီးေဖ်ာ္ရည္မ်ား

-အယ္ကိုလ္ေဟာ

-ဆားႏွင့္သၾကား

-ကစီဓါတ္ပါေသာ အသီးမ်ား(အာလူး၊ မုန္လာဥနီ၊ ႐ြက္စားမုန္လာ၊ မုန္လာဥနီ)

-ထမင္းႏွင့္ အီတလီေခါက္ဆြဲ

-ေပါင္မုန႔္၊  ဂ်ဳံႏွင့္ျပဳလုပ္ထားေသာမုန႔္မ်ား (ပီဇာ)

-အသားကင္မ်ား

ပိုစားရမယ့္ အစားအစာမ်ား

အမဲသားအစား ငါး၊ ဝက္ေပါင္ေျခာက္အစား ၾကက္ဥကို စားေပးရမွာပါ။ 

-မႈိ

-ၾကက္ဥ

-ငါးႏွင့္ ၾကက္သား

-ခရမ္းခ်ဥ္သီးႏွင့္ သခြားသီး

-ဆလပ္႐ြက္ႏွင့္ ေဂၚဖီထုပ္

- ေဂၚဖီစိမ္း၊ ပန္းေဂၚဖီ၊ အစိမ္းေရာင္ရွိေသာပဲမ်ား

-ဖ႐ုံသီး

-ဟင္းသီးဟင္း႐ြက္သုပ္

-ဒိန္ခဲႏွင့္ တိုဖူး

-မက္မြန္၊ ပဲပုပ္ပဲ

မနက္စာ

ၾကက္ဥျပဳတ္၂ လုံး၊ ႏို႔ႏွင့္သၾကားမပါေသာ ေကာ္ဖီ

ေန႔လယ္စာ

ၾကက္ရင္အုပ္သား၊ ၾကက္စြပ္ျပဳတ္၊ ခရမ္းခ်ဥ္သီးႏွင့္ မႈိသုပ္၊ ပဲႏို႔တစ္ခြက္ သို႔မဟုတ္ black coffee

အဆာေျပအစားအစာ

လိ ေမၼာ္ေဖ်ာ္ရည္ သို႔မဟုတ္ green tea

ညစာ

ႏြားႏို႔၊ ငါး၊ တိုဖူး ၁၅၀ ဂရမ္

တိုဖူးအစား ဒိန္ခဲ၊ ၾကက္သားအစား ငါးတို႔ကို စားေပးႏိုင္သလို ေကာ္ဖီအစား green tea၊ လိေမၼာ္ေဖ်ာ္ရည္အစား ပန္းသီးေဖ်ာ္ရည္ကို ေသာက္ေပးလို႔ရပါတယ္။

အေရးႀကီးေသာအခ်က္မ်ား

ဗီတာမင္နဲ႔ သတၳဳဓါတ္ေတြကိုေတာ့ ေမ့ထားလို႔မရပါဘူး။ ေန႔စဥ္လမ္းေလွ်ာက္ဖို႔၊ ေျပးဖို႔လည္း လိုပါတယ္။ ေရတစ္ေန႔ကို ၂လီတာေသာက္ဖို႔လည္း မေမ့ပါနဲ႔ေနာ္။

အစာအိမ္ကို ဘယ္လိုသန႔္ရွင္းေရး လုပ္ၾကမလဲ

အဓိက အေရးႀကီးဆုံးကေတာ့ ကာဗိုဟိုက္ဒရိတ္ ပါဝင္တဲ့အစားအစာေတြကို ေလွ်ာ့ခ်ဖို႔ပါ။ အစာေခ်စနစ္က မညီမွ်ေတာ့ရင္ အစာအိမ္အခ်ဥ္ေပါက္တတ္ပါတယ္။ အဲဒါေၾကာင့္..

-တစ္ေနကုန္ ေရဓါတ္ျပည့္ေအာင္ ေနပါ။

-ဆီေၾကာ္မုန႔္၊ အပူအစပ္၊ အဆီမ်ားေသာ အစားအစာ၊ အခ်ိဳမ်ားေသာ အစားအစာ၊ အရက္ေတြကို ေရွာင္သင့္ပါတယ္။

-ေဆးလိပ္မေသာက္သင့္ပါဘူး။

-ဆီးသီးေျခာက္ကို ပိုစားပါ။

-စားၿပီးရင္ မလဲေလ်ာင္းပါႏွင့္။ 

-ခ်က္ျပဳတ္တဲ့အခါ ေထာပတ္အစား သံလြင္ဆီကို သုံးပါ။

-ဂ်င္းေဖ်ာ္ရည္၊ ပူစီနံေဖ်ာ္ရည္တို႔ကို ေသာက္ပါ။

Zombie (Lovemedia)