ဖူးစာရှင်ဆိုတဲ့ စကားလုံးကို ကြားဖူးကြမှာပါ။ ကိုယ့်ရဲ့ဖူးစာရှင်နဲ့ ဘယ်နေရာ ဘယ်အချိန်မှာ တွေ့မလဲဆိုတာကို ဘယ်လိုမှ မှန်းလို့မရပါဘူး။

ဒါပင်မဲ့ ကိုယ့်ရဲ့ဖူးစာရှင်လို့ ထင်သောသူက ကိုယ်နဲ့တူညီချက်တွေကတော့ ရှိနိုင်ပါတယ်။ ဘယ်လိုတူညီချက်လဲ ဆိုရင်တော့ အောက်မှာဖတ်ကြည့်လိုက်ရင် နားလည်သွားပါလိမ့်မယ်။

၁. လက်ချောင်းလေးတွေက တူနေတယ်။

သူကိုတွေ့တဲ့နေ့မှာ ဘာရယ်လို့မဟုတ်ဘူး သူ့ရဲ့လက်ချောင်းလေးကို ကြည့်လိုက်သောအခါ ကိုယ့်ရဲ့လက်ချောင်းလေးတွေနဲ့ တော်တော်တူနေတယ်။ ကိုယ့်ရဲ့ လက်ချောင်းလေးတွေက ပုံစံကနည်းနည်း ထူးဆန်းနေတာကြောင့် တူတဲ့သူက ရှားပါတယ်။ လက်ချောင်းတင်မက လက်သည်းလေးတွေလည်း တူနေတာပါ။

၂. စိတ်ထဲကနေရာချင်းလဲ တူနေတယ်။

သူနဲ့စကားပြောနေတဲ့အခါ ဘာရယ်လို့မဟုတ် ငယ်ငယ်တုန်းက သွားခဲ့တဲ့နေရာထဲက အကြိုက်ဆုံးနေရာလေးတွေလည်း တူနေတယ်။

သူနဲ့ ကြီးပြင်းတဲ့နေရာက မတူပင်မဲ့ အကြိုက်ဆုံးနေရာလေးတွေက တူတူပဲ ဖြစ်နေတာဟာ တော်တော် ထူးဆန်းပါတယ်။

၃. တွေ့တွေ့ချင်း သူနဲ့တွေ့ဖူးသလို ခံစားရတယ်။

သူ့ပုံကို အဝေးက ကြည့်ရတာ သိပ်မကြိုက်ပင်မဲ့ ကိုယ့်ရဲ့အရှေ့မှာ တွေ့လိုက်ရတဲ့ အချိန်မှာတော့ သူ့ကို အရင်က တွေ့ဖူးသလို ခံစားရတယ်။

၄. သူ့ရဲ့သတင်းတွေက ခဏခဏ ဝင်လာတယ်။

သူ့ရဲ့မကောင်းသတင်း ကောင်းသတင်းတွေက သူ့အလိုလို ကိုယ့်ဆီကို ရောက်ရောက်လာတယ်။ ပထမတော့ ထူးဆန်းနေပင်မဲ့ သူ့ကို သတိထားသိသလို ဖြစ်လာတယ်။

၅. မထင်မှတ်ပဲ ခဏခဏ တွေ့တတ်တယ်။

သူ့ကို စပြီးတွေ့တဲ့ အချိန်တုန်းကတော့ လုံးဝကို စိတ်မဝင်စားခဲ့ပါ။ နောက်နေ့အလုပ်မှာ ကိုယ်နဲ့ ပတ်သက်နေတဲ့ ကုမ္ပဏီကလူနဲ့ အတူ သူကရောက်လာတယ်။ မထင်မှတ်ပဲ တွေ့လိုက်ရတော့ စိတ်ထဲမှာ အရမ်းပျော်သွားတာ အမှန်ပါ။

၆. ဘဝရဲ့ အဆိုးဆုံးအချိန်မှာ သူကပေါ်လာတယ်။

ကိုယ့်ရဲ့ဘဝမှာ အခြေအနေ အဆိုးဆုံးအချိန်မှာ ကိုယ့်ဘဝကို ဘယ်လိုရှေ့ဆက်ရှောက်မလဲဆိုတာကို စဉ်းစားပြီး စိတ်ညစ်နေတဲ့အချိန်မှာ သူ့ရဲ့ကူညီမူကို ရလိုက်တယ်။

crd