ဝက်ခြံတွေဆိုတာ မခေါ်ဘဲနဲ့ ရောက်လာတတ်တဲ့ surprise အကြီးစားတွေပါပဲ။ ဝက်ခြံဖြစ်ရတဲ့အကြောင်းအရင်းတွေက အများကြီးရှိသလို ဝက်ခြံတွေ ထပ်မဖြစ်လာအောင် လုပ်လို့ရမယ့်နည်းလမ်းတွေကလည်း အများကြီးပါပဲ။

ကျောနဲ့ ပုခုံး


ကျောပိုးအိတ်ကို အချိန်ကြာကြာလွယ်ထားတာ၊ လေဝင်လေထွက်မကောင်းတဲ့အင်္ကျီ စတဲ့အချက်တွေကြောင့် ကျောမှာ ဝက်ခြံတွေ ထွက်လာပါတယ်။ အဆီများတဲ့အစားအစာတွေ အကြော်တွေကြောင့်လည်း ဝက်ခြံတွေ ဖြစ်လာပါတယ်။
-ကျောနဲ့ ပုခုံးမှာထွက်လာတဲ့ ဝက်ခြံတွေအတွက် ဆားရေနဲ့ ရေချိုးလို့လည်းရသလို ပန်းသီးရှာလကာရည်တစ်ဆ၊ ရေနှစ်ဆရောပြီး ဖြည်းဖြည်းချင်းပွတ်တိုက်ပေးလို့ရပါတယ်။

ရင်ဘတ်


ရေချိုးဆပ်ပြာတွေနဲ့ ဓါတ်မတည့်တာကြောင့် ရင်ဘတ်မှာ ဝက်ခြံတွေ ဖြစ်လာပါတယ်။ အအေးတွေ၊ အပူအစပ်တွေ၊ ပင်လယ်စာတွေကြောင့်လည်း ဖြစ်လာတတ်ပါတယ်။
-မုန့်ဖုတ်ဆော်ဒါနဲ့ ရေကို ရောပြီး ရင်ဘတ်မှာ လိမ်းပေးပါ။ ပြီးရင်တော့ရေနွေးနွေးလေးနဲ့ ဆေးချလိုက်လို့ရပါပြီ။

လည်ပင်း


အင်္ကျီကော်လံက ကျပ်ပြီး လည်ပင်းကို ပွတ်တိုက်မိတဲ့အခါမှာ ဝက်ခြံတွေ ပေါက်လာပါတယ်။ နောက်ထပ်အကြောင်းအရင်းတစ်ခုကတော့ ခေါင်းလျှော်ရည်နဲ့ ဓါတ်မတည့်လို့ပါ။
- ချည်ပိတ်စထဲကို သံပရိုထည့်ပြီး လည်ပင်းမှာ ၁၀မိနစ်အကြာ ကပ်ထားပါ။ ပြီးရင်တော့ ရေလောင်းချလိုက်လို့ ရပါပြီ။

လက်မောင်း


အစာချေစနစ်မှာ ပြဿနာရှိတဲ့အခါ၊ ဆပ်ပြာနဲ့ဓါတ်မတည့်တဲ့အခါ လက်မောင်းမှာ ဝက်ခြံတွေ ထွက်လာပါတယ်။ချွေးထွက်လွန်ပြီး ဖုန်မှုန့်တွေ၊ မှိုရောဂါတွေကြောင့်လည်း ဝက်ခြံတွေ ဖြစ်ပါတယ်။
-သင့်ရဲ့ဝက်ခြံတွေက မှိုကြောင့် ဖြစ်တာမဟုတ်ရင် အာလူးကို အရည်ညှစ်ပြီးရလာတဲ့အရည်ကို လိမ်းပေးလို့ရပါတယ်။

ခြေထောက်


တစ်ကိုယ်ရည်သန့်ရှင်းရေးအားနည်းတဲ့အခါ ခြေထောက်မှာလည်း ဝက်ခြံတွေ ဖြစ်လာတတ်ပါတယ်။ မုတ်ဆိတ်မွေးရိတ်ပြီးသား ဓါးနဲ့ ခြေသလုံးမွေးတွေကို ရိတ်ခြင်းကနေလည်း ခြေထောက်မှာ ဝက်ခြံတွေ ပေါက်တတ်ပါတယ်။
-လက်ဖက်ဆီ၆စက်လောက်ကို ခြေထောက်မှာ လိမ်းပေးပြီး ခဏကြာရင် ရေဆေးလို့ရပါပြီ။

Zombie (Love Media)