အားလပ်ရက်တွေ ရောက်တဲ့အခါမှာ သူငယ်ချင်းတွေ စုပြီး hotpot သွားစားတတ် ကြပါတယ်။ သင်က အသီးအရွက်တွေကို ကြိုက်နှစ်သက်သူ ဖြစ်တယ် ဆိုရင်တောင်  hotpot စားတာက တကယ်တော့ ကျန်းမာရေးနဲ့ အတော်ကို မညီညွတ်ပါဘူး။


Hotpot မှာ ဆိုဒီယမ်တွေ အလွန်အကဲ ပါဝင်တာကြောင့် ခန္ဓါကိုယ် ကျန်းမာရေးအတွက် မကောင်းကြောင်း Mount Alvernia ဆေးရုံက ကျန်းမာရေးပညာရှင်တွေက ပြောပါတယ်။ Hotpot ကို တစ်လတစ်ခါ သို့မဟုတ် တစ်လနှစ်ခါသာ စားသင့်ကြောင်း သတိပေးထားပါတယ်။


ဆိုဒီယမ်များစွာ ပါဝင်တဲ့ hotpot ဟင်းရည် ၇ မျိုး ရှိပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တယ်လို့ ထင်ရတဲ့ခရမ်းချဉ်သီး စွပ်ပြုတ်မှာ ဆိုဒီယမ် ၃၈၄၀ မီလီဂရမ် ပါဝင်ပြီး မှိုစွပ်ပြုတ်မှာ ဆိုဒီယမ် ၅၇၂၃ မီလီဂရမ် ပါဝင်ပါတယ် ။ ကျန်းမာရေးနဲ့ ညီညွတ်ဖို့ဆိုရင် ဆား ၂၀၀၀ မီလီဂရမ် (လက်ဖက်ရည်ဇွန်း တစ်ဇွန်း) သာ စားသင့်တယ်လို့ ဖော်ပြထားပါတယ် ။


အစပ်များတဲ့ hotpot ဟင်းရည်တွေမှာ ဆီတွေ များစွာသုံးထားတာကို တွေ့ရပါတယ်။ အဲဒါကြောင့် hotpot စားမယ်ဆိုရင် မှိုဟင်းရည်လိုမျိုးကိုသာ ရွေးချယ်သင့်ကြောင်း၊ လတ်ဆတ်တဲ့ အသီးအရွက်များကိုသာ ရွေးချယ်သင့်ကြောင်း၊ အသားလုံး၊ hot dog တွေမှာ ဆိုဒီယမ်ပါဝင်မှုများလို့ လျှော့စားသင့်ကြောင်း၊ အသားတွေကို ကျက်မှသာ စားသင့်ကြောင်း Mount Alvernia ဆေးရုံက အကြံပေးထားပါတယ်။


အဆီပါဝင်မှုများတဲ့အစားအစာတွေက နှလုံးရောဂါကို ဖြစ်စေပါတယ်။ ဆိုဒီယမ်များတဲ့အခါ သွေးတိုးခြင်းနဲ့ ကျောက်ကပ်ပြဿနာတွေကို ဖြစ်စေပါတယ်။ အဲဒါကြောင့် hotpot စားမယ်ဆိုရင်လည်း ကျန်းမာရေးနဲ့ ကိုက်ညီအောင် စားသင့်ပါတယ်နော်။

Zombie (LoveMedia)
Ref - Worldofbuzz