တစ်ယောက်ယောက်က သင့်ကို စကားတော်တော်ပြောနိုင်တာပဲလို့ ပြောလာရင် ပြောအားရှိသွားပါပြီ။ စကားပြောတယ်ဆိုတာက လိမ္ပါပါးနပ်တယ်ဆိုရင် လူမှုဆက်ဆံရေးကို ပြေပြစ်စေပါတယ်။ ပြီးတော့ နောက်ထပ်ကောင်းကျိုးတစ်ခုက အသက်ရှည်စေတာပါ။


အသက်ရှည်တယ်ဆိုတာက မျိုးရိုးဗီဇအပေါ်မှာ မူတည်တယ်လို့ ပြောကြပါတယ်။လေ့လာမှုအသစ်တစ်ခုအရ အသက်ရှည်၊ မရှည်ဆိုတာက မျိုးရိုးဗီဇပေါ်မှာ မူတည်ရုံသာမက စကားများများပြောတဲ့အပေါ်မှာပါ မူတည်ပါတယ်တဲ့။


Albert Einsteinဆေးကောလိပ်နဲ့ Yeshivaတက္ကသိုလ်က ပညာရှင်တွေက စကားပြောခြင်းက အသက်ရှည်၊ မရှည်အပေါ် ဘယ်လိုသက်ရောက်မှုရှိလဲဆိုတာ လေ့လာခဲ့ပါတယ်။ အဲဒီလေ့လာမှုမှာ စကားများများပြောတဲ့သူ၊ အကောင်းမြင်စိတ်ရှိသူတွေ ပါဝင်ပါတယ်။ စကားများများပြောတဲ့သူ၊ အကောင်းမြင်စိတ်ရှိတဲ့သူတွေက အသက်ပိုရှည်ကြောင်း တွေ့ရပါတယ်။


Dr.Nir Barzilaiက  အသက် ၉၅နှစ်နဲ့ အသက် ၁၀၀ကြားရှိတဲ့ လူပေါင်း ၂၅၀ရဲ့ အကျင့်စရိုက်နဲ့ မျိုးရိုးဗီဇတွေကို လေ့လာခဲ့ပါတယ်။ အံ့သြစရာကောင်းတာကတော့ အကောင်းမြင်စိတ်ရှိတဲ့သူအများစုက စကားများများပြောတယ်ဆိုတာပါ။ စပိန်လူမျိုး စိတ်ရောဂါအထူးကုဆရာဝန် Luis Rojas Marcosက သူ့ရဲ့ We are what we speakဆိုတဲ့စာအုပ်မှာ တစ်နေ့ကို စကားလုံးပေါင်း ၁၅၀၀၀ ကျော်ပြောတဲ့သူတွေက အသက်ပိုရှည်ကြောင်း ဖော်ပြထားပါတယ်။


အမျိူးသမီးတွေမှာ ဘာသာစကားပရိုတိန်းဓါတ်ဖြစ်တဲ့ FOXP2ပရိုတိန်းlevelမြင့်တာကြောင့် စကားပိုပြောကြောင်း၊ အဲဒါကြောင့် စကားများများပြောတဲ့ အမျိုးသမီးတွေက အသက်ပိုရှည်ကြောင်း၊ FOXP2 မြင့်တဲ့ အမျိုးသမီးတွေက တစ်ရက်ကို ပျမ်းမျှအားဖြင့် စကားလုံးပေါင်း ၂၀၀၀၀ ခန့်ပြောကြောင်း၊ အမျိုးသားတွေက တစ်နေ့ကို စကားလုံးပေါင်း ၇၀၀၀ လောက်သာ ပြောကြောင်း Dr.Rojas ရဲ့ စာအုပ်ထဲမှာ ဖော်ပြထားပါသေးတယ်။ အဲဒါကြောင့် သင့်ကို စကားအများကြီးပြောတဲ့သူဆိုပြီး တခြားသူက ပြောလာရင် အားသာချက်တွေကို ပြောပြလို့ရပါပြီ။


Zombie (Love Media)

For Zawgyi စကားမ်ားမ်ား​​ေျပာတဲ့ အမ်ိဳးသမီး​ေတြက အသက္ပိုရွည္ႏိုင္

တစ္​ေယာက္​ေယာက္က သင့္ကို စကား​ေတာ္​ေတာ္​ေျပာႏိုင္တာပဲလို႔ ​ေျပာလာရင္ ​​ေျပာအားရွိသြားပါၿပီ။ စကား​ေျပာတယ္ဆိုတာက လိမၸါပါးနပ္တယ္ဆိုရင္ လူမႈဆက္ဆံ​ေရးကို ​ေျပျပစ္​ေစပါတယ္။ ၿပီး​ေတာ့ ​ေနာက္ထပ္​ေကာင္းက်ိဳးတစ္ခုက အသက္ရွည္​ေစတာပါ​။

အသက္ရွည္တယ္ဆိုတာက မ်ိဳး႐ိုးဗီဇ​အ​ေပၚမွာ မူတည္တယ္လို႔ ​ေျပာၾကပါတယ္။​ေလ့လာမႈအသစ္တစ္ခုအရ ​အသက္ရွည္၊ မရွည္ဆိုတာက မ်ိဳး႐ိုးဗီဇ​ေပၚမွာ မူတည္႐ုံသာမက စကားမ်ားမ်ား​ေျပာ​တဲ့အ​ေပၚမွာပါ မူတည္​ပါတယ္တဲ့။

Albert Einstein​ေဆးေကာလိပ္နဲ႔ Yeshivaတကၠသိုလ္က ပညာရွင္​ေတြက စကား​ေျပာျခင္းက အသက္ရွည္၊ မရွည္အ​ေပၚ ဘယ္လိုသက္​​ေရာက္မႈရွိလဲဆိုတာ ​ေလ့လာခဲ့ပါတယ္။ အဲဒီ​ေလ့လာမႈမွာ စကားမ်ားမ်ား​ေျပာတဲ့သူ၊ အ​ေကာင္းျမင္စိတ္ရွိသူ​ေတြ ပါဝင္ပါတယ္။ စကားမ်ားမ်ား​ေျပာတဲ့သူ၊ အ​ေကာင္းျမင္စိတ္ရွိတဲ့သူ​ေတြက အသက္ပိုရွည္​ေၾကာင္း ​ေတြ႕ရပါတယ္။

Dr.Nir Barzilaiက  အသက္ ၉၅ႏွစ္နဲ႔ အသက္ ၁၀၀ၾကားရွိတဲ့ လူ​ေပါင္း ၂၅၀ရဲ႕ အက်င့္စ႐ိုက္နဲ႔ မ်ိဳး႐ိုးဗီဇ​ေတြကို ​​ေလ့လာခဲ့ပါတယ္။ အံ့ၾသစရာ​ေကာင္းတာက​​ေတာ့ အ​ေကာင္းျမင္စိတ္ရွိတဲ့သူအမ်ားစုက စကားမ်ားမ်ား​ေျပာတယ္ဆိုတာပါ။ စပိန္လူမ်ိဳး စိတ္​ေရာဂါအထူးကုဆရာဝန္ Luis Rojas Marcosက သူ႔ရဲ႕ We are what we speakဆိုတဲ့စာအုပ္မွာ တစ္​ေန႔ကို စကားလုံး​ေပါင္း ၁၅၀၀၀​ ​ေက်ာ္​ေျပာတဲ့သူ​ေတြက အသက္ပိုရွည္​ေၾကာင္း ​ေဖာ္ျပထားပါတယ္။

အမ်ိဴးသမီး​​ေတြမွာ ဘာသာစကားပ႐ိုတိန္းဓါတ္ျဖစ္တဲ့ FOXP2ပ႐ိုတိန္းlevelျမင့္တာ​ေၾကာင့္ စကားပို​ေျပာ​​ေၾကာင္း၊ အဲဒါ​ေၾကာင့္ စကားမ်ားမ်ား​ေျပာတဲ့ အမ်ိဳးသမီး​ေတြက အသက္ပိုရွည္​ေၾကာင္း၊ FOXP2 ျမင့္တဲ့ အမ်ိဳးသမီး​ေတြက တစ္ရက္ကို ပ်မ္းမွ်အားျဖင့္ စကားလုံး​ေပါင္း ၂၀၀၀၀ ခန္႔​ေျပာ​ေၾကာင္း၊ အမ်ိဳးသား​ေတြက တစ္​​ေန႔ကို စကားလုံး​ေပါင္း ၇၀၀၀​ ေလာက္သာ ​​ေျပာ​ေၾကာင္း Dr.Rojas ရဲ႕ စာအုပ္ထဲမွာ ​ေဖာ္ျပထားပါ​ေသးတယ္။ အဲဒါ​ေၾကာင့္ သင့္ကို စကားအမ်ားႀကီး​ေျပာတဲ့သူဆိုၿပီး တျခားသူ​က ​ေျပာလာရင္ အားသာခ်က္​ေတြကို ​ေျပာျပလို႔ရပါၿပီ။

Zombie (Love Media)