ယခုလတ်တလောမှာ ကိုရိုနာဗိုင်းရပ်စ်က နိုင်ငံတော်တော်များများကို ပျံ့နှံ့နေပါပြီ။ အဲဒါကြောင့် လက်ခဏခဏဆေးဖို့၊ mask တပ်ဖို့၊ ကိုယ်ခံအားကောင်းအောင်နေဖို့၊ လူထူထပ်တဲ့ နေရာကိုမသွားဖို့ စတဲ့ အခြေခံကာကွယ်နည်းတွေကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် လူတော်တော်များများ သတိမထားမိတာကတော့ နေ့စဉ်အကြိမ်အပေါင်းများစွာ၊ အချိန်ပေါင်းများစွာ ထိတွေ့နေတဲ့ ဖုန်းတွေကိုပါပဲ။


"နေ့စဉ် လူတွေ ထိတွေ့မှု အများဆုံးက ဖုန်းဖြစ်တာကြောင့် ဖုန်းမှန်မျက်နှာပြင်ကို ခဏခဏ သန့်ရှင်းရေးလုပ်ပေးသင့်တယ်" လို့ စင်ကာပူနိုင်ငံ၊ ကျန်းမာရေးဝန်ဆောင်မှုများဌာနက ညွှန်ကြားရေးမှူး Kenneth Ma က ပြောပါတယ်။ ဖုန်းကို  သန့်ရှင်းရေးလုပ်ခြင်းက mask တပ်တာထက်ကို ပိုပြီး အရေးပါကြောင်းလည်း Kenneth Ma က ပြောပါသေးတယ်။



ဖုန်းက လူတွေရဲ့နေ့စဉ်ဘဝမှာ မရှိမဖြစ်အရေးပါလာပါတယ်။ တစ်ခါတလေမှာ ဖုန်းရဲ့မျက်နှာပြင်ကို သန့်ရှင်းရေးလုပ်ပေးဖို့ မေ့နေတတ်ကြပါတယ်။ ဘက်တီးရီးယားတွေက ဖုန်းရဲ့ မျက်နှာပြင်ပေါ်မှာ များစွာရှိနေနိုင်ပါတယ်။



ဖုန်းမှာ ကပ်ပါလာနိုင်တဲ့ ဘက်တီးရီးယားတွေက အိမ်သာထိုင်ခုံတွေမှာ ရှိတဲ့ ဘက်တီးရီးယားတွေထက် ၁၀ ဆ ပိုများတယ်လို့ အရီဇိုးနားတက္ကသိုလ်က သိပ္ပံပညာရှင်တွေက ပြောပါတယ်။ အဲဒါကြောင့် လက်ကို ခဏခဏဆေးသင့်သလို ဖုန်းမျက်နှာပြင်ကိုလည်း ခဏခဏ သန့်ရှင်းရေး လုပ်သင့်ပါတယ်နော်။

Zombie (Love Media)