ခန္ဓါကိုယ်သန့်ရှင်းပြီး စိတ်လန်းဆန်းနေစေဖို့ ရေချိုးတာက အရေးပါပါတယ်။ ဒါပေမယ့် တစ်ခါတရံမှာ ရေချိုးဖို့ အချိန်မရတဲ့ အခိုက်အတန့်တွေလည်း ရှိတတ်ပါတယ်။ ရက်အနည်းငယ်ကြာ ရေမချိုးဖြစ်တဲ့အခါ ခန္ဓါကိုယ် အနံ့ဆိုးတာတွေကို ကာကွယ်ပေးမယ့် နည်းလမ်းတွေ ရှိပါတယ်။
၁။ Baby oil
ရက်အနည်းငယ်ကြာ ရေမချိုးဖြစ်တဲ့အခါ ရေမွှေးဆွတ်တာက baby oil အသုံးပြုခြင်းက ပိုကောင်းပါတယ်။ Baby oilရဲ့ရနံ့က ခန္ဓါကိုယ်မှာ အချိန်ကြာကြာ စွဲမြဲစေလို့ပါ။
၂။ Baby wipe
Baby wipeက အရေပြားပေါ်က ဘက်တီးရီးယားပိုးတွေကို ဖယ်ထုတ်ပေးပြီး အနံ့ဆိုးတွေ မထွက်စေတော့ပါဘူး။
၃။ ချွေးနံ့ပျောက်ဆေး
ရေမချိုးဖြစ်တဲ့အခါမှာ ချွေးနံ့ပျောက်ဆေးက အနံ့ဆိုးတွေမဖြစ်အောင် ကာကွယ်ပေးမှာပါ။
၄။ အတွင်းခံ အဝတ်အစား
ခန္ဓါကိုယ်မှာ ထွက်လာတဲ့ချွေးတွေကြောင့် အနံ့အသက်ဆိုးတွေ ဖြစ်လာပါတယ်။ အဲဒါကြောင့် ရက်အနည်းငယ်ကြာ ရေမချိူးဖြစ်ရင် အတွင်းခံအဝတ်အစားတွေ လဲလှယ်ပေးသင့်ပါတယ်။
၅။ ခြေအိတ်
ခန္ဓါကိုယ်မှာ ချွေးအထွက်ဆုံးနေရာတွေထဲက တစ်နေရာကတော့ ခြေထောက်ပါပဲ။ ခြေအိတ်ကနေ ထွက်လာတဲ့ အနံဘအသက်ကလည်း စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။ ခြေအိတ်ကို ပုံမှန်လဲပေးတာ၊ ခြေထောက်မှာ ကိုယ်လိမ်းပေါင်ဒါလိမ်းပေးတာက အနံ့အသက်ဆိုးတွေကို မဖြစ်စေပါဘူး။
၆။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အစပ်
ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ အစပ်လွန်ကဲတဲ့အစားအစာတွေကို စားခြင်းက ခန္ဓါကိုယ်မှာ အနံ့ဆိုးတွေ ဖြစ်စေပါတယ်။ အဲဒါကြောင့် ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေကို ပိုပြီးစားပေးသင့်ပါတယ်။
၇။ တင်းကျပ်သော အဝတ်အစားများ
တင်းကျပ်နေတဲ့ အဝတ်အစားတွေကို အချိန်အတော်ကြာ ဝတ်ထားခြင်းက ချွေးထွက်ပြီး အနံ့ဆိုးတွေ ဖြစ်လာစေပါတယ်။ အဲဒါကြောင့် ရေမချိုးဖြစ်သေးရင် ပွပွချောင်ချောင် အဝတ်အစားတွေကို ရွေးချယ်သင့်ပါတယ်။
၈။ Dry shampoo
Dry shampoo က ဆံပင်ကို ဗီတာမင်ပြန်ဖြည့်ပေးပြီး ဆံပင်အဆီပြန်တာကို သက်သာစေပါတယ်။ ခေါင်းမလျှော်ဖြစ်သေးတဲ့ အခါမှာလည်း ဆံပင်မှာ လန်းဆန်းတဲ့ရနံ့တွေ ရှိနေစေမှာပါ။
၉။ ခေါင်းစည်း
ရေမချိုးဖြစ်သေးတဲ့အခါ၊ dry shampoo လည်း မရှိတဲ့အခါ ဆံပင်ကို ခေါင်းစည်းအကြီးကြီးနဲ့ စည်းထားလို့ရပါတယ်။ အဲဒီအခါ ဆံပင်ကထွက်တဲ့ အနံ့ဆိုးတွေကို ဖုံးအုပ်ပြီးသား ဖြစ်စေပါတယ်။
၁၀။ ရေဓါတ်ပြည့်အောင်နေခြင်း
ခန္ဓါကိုယ်ကို ရေဓါတ်ပြည့်အောင် နေတဲ့အခါ အသားအရေလည်း စိုလာပြီး အနံ့ဆိုးထွက်တာကို မဖြစ်စေတော့ပါဘူး။
Zombie (LoveMedia)
0 Comments