အစားမတော်တစ်လုပ်လို့ ရှေးလူကြီးတွေ ပြောကြပါတယ်။ ဒါပေမယ့် ဗိုက်ထဲမှာ  အစာမရှိခင် မစားသင့်တဲ့ အစားအစာတွေ ရှိပါတယ်။

၉။ အကိုက်အခဲပျောက်ဆေး


အက်စ်ပရင်၊ ပါရာစီတမောနဲ့ တခြားအကိုက်အခဲပျောက်ဆေးတွေကို ဗိုက်ထဲ အစာမရှိခင် မသောက်သင့်ပါဘူး။ အစာမရှိသေးခင် အကိုက်အခဲပျောက်ဆေးတွေ သောက်တဲ့အခါ အစာအိမ်ထဲ သွေးယိုတာ ဖြစ်တတ်ပါတယ်။

၈။ ကော်ဖီ


ကာဖင်းမပါဝင်တဲ့ ကော်ဖီကတောင် အက်စစ်ထုတ်လုပ်မှုကို လှုံ့ဆော်ပေးပါတယ်။ အစာမရှိသေးခင်မှာ ကော်ဖီသောက်တဲ့အခါ အစာချေလမ်းကြောင်းမှာ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ မနက်ခင်းမှာ ကော်ဖီသောက်ချင်ရင်တော့ နို့အနည်းငယ် ထည့်သောက်တာက ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။

၇။ အရက်


အစာမရှိသေးခင် အရက်သောက်တာက အရက်နာကျတာကို ပိုပြီးနှိုးဆွပေးပါတယ်။ ဒါ့အပြင် နှလုံး၊ အသည်းနဲ့  ကျောက်ကပ်တွေကိုပါ ပျက်စီးစေပါတယ်။

၆။ ပီကေ


အစာချေတဲ့ အက်စစ်တွေက ပီကေဝါးနေစဉ်မှာ ထုတ်လုပ်တာဖြစ်လို့ အစာမရှိသေးခင်မှာ ပီကေမစားသင့်ပါဘူး။

၅။ အိပ်ရာဝင်ခြင်း


ဆာလောင်မှုနဲ့ ဂလူးကို့စ်နည်းသွားခြင်းက အိပ်မပျော်စေပါဘူး။ အိပ်ချိန်နည်းရင် ဗိုက်ဆာစေတဲ့ ဟော်မုန်းတွေ တိုးလာစေပါတယ်။ အိပ်ရာမဝင်ခင်မှာ နွားနို့သောက်ပေးခြင်းက နှစ်ခြိုက်စွာ အိပ်ပျော်စေပါတယ်။

၄။ လေ့ကျင့်ခန်းအပြင်းအထန်လုပ်ခြင်း


အစာမရှိခင်မှာ လေ့ကျင့်ခန်းအပြင်းအထန် လုပ်ခြင်းထက် အေရိုးဗစ်ကစားတာ ပိုကောင်းပါတယ်။ ဒါမှမဟုတ် မုန့်အနည်းငယ်စားပြီးမှ လေ့ကျင့်ခန်းလုပ်သင့်ပါတယ်။


၃။ ဈေးဝယ်ခြင်း


ဗိုက်ဆာနေတဲ့အချိန်မှာ ဈေးဝယ်တဲ့အခါ  အစားအစာတွေကို ပိုဝယ်ဖြစ်သွားပါတယ်။ အဲဒါကြောင့် ဗိုက်ပြည့်တဲ့အချိန်မှာ ဈေးဝယ်တာ ပိုသင့်တော်ပါတယ်။

၂။ စီထရစ်အက်စစ်ပါဝင်တဲ့ ဖျော်ရည်


စီထရစ်အက်စစ်ပါဝင်တဲ့ ဖျော်ရည်တွေကို အစာမရှိဘဲသောက်တဲ့အခါ အစာအိမ်အတွက် အန္တရာယ်ရှိပါတယ်။

၁။ စကားများခြင်း


ဗိုက်အဆာလွန်နေတဲ့အခါ ပိုပြီးဒေါသထွက်စိတ်တိုတတ်ပါတယ်။ အစားစားဖို့ အချိန်မရှိသေးဘူး ဆိုရင် နွေးတဲ့သောက်စရာတစ်ခုခုကို သောက်ထားသင့်ပါတယ်။

Zombie (Love Media)