အခုနောက်ပိုင်းမှာ ပင်လယ်စာတွေကို လူတွေက ပိုပြီးနှစ်သက်လာကြပါတယ်။ ဒါပေမယ့် ပင်လယ်စာတွေထဲမှာ ဂဏန်းကို ဝယ်မယ်ဆိုရင်တော့ သတိကြီးကြီး ထားသင့်ပါတယ်။ ဂဏန်းတိုင်းကို စားလို့မရပါဘူး။


ထိုင်ဝမ်မှာ အမျိုးသားတစ်ယောက်ဟာ တရုတ်နှစ်သစ်ကူးပွဲတော်အတွက်  ဂဏန်းနှစ်ကောင်ကို ဈေးထဲနေ ဝယ်လာခဲ့ပါတယ်။ သူက ဝယ်နေကျ သန္တာရောင်တောက်နေတဲ့ ဂဏန်းတွေကို မဝယ်ဘဲ တခြားဂဏန်းတွေကို ဝယ်လာခဲ့ပါတယ်။


ဂဏန်းတစ်ကောင်ရဲ့ လက်မ အစွန်းတွေက အလွန်ကို မည်းနေပြီး နောက်ဂဏန်းတစ်ကောင်ရဲ့ အခွံတွေမှာလည်း အစက်အပြောက်တွေ ပါဝင်နေပါတယ်။ အဲဒီဂဏန်းတွေက မြင်တွေ့နေကျဂဏန်းတွေနဲ့ လုံးဝမတူဘဲ ကွဲပြားနေပါတယ်။


ဂဏန်းတွေကို သံသယရှိတာကြောင့် အဲဒီအမျိုးသားက ပင်လယ်စာစက်ရုံမှာ အလုပ်လုပ်တဲ့ သူငယ်ချင်းတစ်ယောက်ကို လှမ်းမေးလိုက်ပါတယ်။ အဲဒီအခါကျမှ သူဝယ်လာတဲ့ ဂဏန်းနှစ်ကောင်က အဆိပ်အရှိဆုံး ဂဏန်းတွေ ဖြစ်နေမှန်း သိသွားပါတော့တယ်။


ဂဏန်းလက်မ အစွန်းတွေမှာ မည်းနေတဲ့ ဂဏန်းကို ဥနီဂဏန်းလို့ခေါ်ပြီး အစက်အပြောက်တွေရှိတဲ့ ဂဏန်းကိုတော့ ရောင်စုံကျောက်တန်းဂဏန်းလို့ ခေါ်ပါတယ်။ အဲဒီဂဏန်းတွေကို စားမိရင် အသက်ဆုံးရှုံးရလောက်တဲ့ အထိ အန္တရာယ်ရှိပါတယ်။


အဲဒီအမျိုးသားက ငါးဈေးထဲကို သွားပြီး သူဝယ်လာတဲ့ ဂဏန်းတွေက အန္တရာယ်ရှိကြောင်း သွားပြောပြာခဲ့ပါတယ်။ ဈေးသည်ကလည်း  အဲဒီဂဏန်းတွေကို မသိလို့ ရောင်းလိုက်မိတာဖြစ်လို့ နောက်မရောင်းတော့ပါဘူးလို့ ကတိပေးလိုက်ပါတယ်။


အဲဒီဂဏန်းတွေရဲ့ အဆိပ်က လူဆယ်ယောက် ကိုတောင် သေစေနိုင်ကြောင်း ကျွမ်းကျင်ပညာရှင်တွေက ပြောပါတယ်။

Zombie (LoveMedia)
Ref - worldofbuzz

For Zawgyi

အသက္​ေသ​ေစ​ေလာက္တဲ့အထိ အဆိပ္ရွိတဲ့ ဂဏန္းမ်ား

အခု​ေနာက္ပိုင္းမွာ ပင္လယ္စာ​ေတြကို လူ​ေတြက ပိုၿပီးႏွစ္သက္လာၾကပါတယ္။ ဒါ​ေပမယ့္ ပင္လယ္စာ​ေတြထဲမွာ ဂဏန္းကို ဝယ္မယ္ဆိုရင္​ေတာ့ သတိႀကီးႀကီး ထားသင့္ပါတယ္။ ဂဏန္းတိုင္းကို စားလို႔မရပါဘူး။

ထိုင္​ဝမ္မွာ အမ်ိဳးသားတစ္​ေယာက္ဟာ တ႐ုတ္ႏွစ္သစ္ကူးပြဲ​​ေတာ္အတြက္  ဂဏန္းႏွစ္​ေကာင္ကို ​​ေစ်းထဲ​ေန ဝယ္လာခဲ့ပါတယ္။ သူက ဝယ္​ေနက် သႏၲာ​ေရာင္​ေတာက္​ေနတဲ့ ဂဏန္း​ေတြကို မဝယ္ဘဲ တျခားဂဏန္း​ေတြကို ဝယ္လာခဲ့ပါတယ္။

ဂဏန္းတစ္​ေကာင္ရဲ႕ လက္မ ​အစြန္းေတြက အလြန္ကို မည္း​ေနၿပီး ​ေနာက္ဂဏန္းတစ္​ေကာင္ရဲ႕ အခြံ​​ေတြမွာလည္း အစက္အ​​ေျပာက္​ေတြ ပါဝင္​​​ေနပါတယ္။ အဲဒီဂဏန္း​ေတြက ျမင္​ေတြ႕​ေနက်ဂဏန္း​ေတြနဲ႔ လုံးဝမတူဘဲ ကြဲျပား​ေနပါတယ္။

ဂဏန္း​ေတြကို သံသယရွိတာ​ေၾကာင့္ အဲဒီအမ်ိဳးသားက ပင္လယ္စာစက္႐ုံမွာ အလုပ္လုပ္တဲ့ သူငယ္ခ်င္းတစ္​ေယာက္ကို လွမ္း​ေမးလိုက္ပါတယ္။ အဲဒီအခါက်မွ သူဝယ္လာတဲ့ ဂဏန္းႏွစ္​ေကာင္က အဆိပ္အရွိဆုံး ဂဏန္း​ေတြ ျဖစ္​ေနမွန္း သိသြားပါ​ေတာ့တယ္။

ဂဏန္းလက္မ အစြန္း​ေတြမွာ မည္း​ေနတဲ့ ဂဏန္း​ကို ဥနီဂဏန္းလို႔​ေခၚၿပီး အစက္အ​ေျပာက္​ေတြရွိတဲ့ ဂဏန္းကို​ေတာ့ ​ေရာင္စုံ​ေက်ာက္တန္းဂဏန္းလို႔ ​ေခၚပါတယ္။ အဲဒီဂဏန္း​ေတြကို စားမိရင္ ​အသက္ဆုံးရႈံးရ​ေလာက္တဲ့ အထိ အႏၲရာယ္ရွိပါတယ္။ ​

အဲဒီအမ်ိဳးသားက ငါး​ေစ်းထဲကို သြားၿပီး သူဝယ္လာတဲ့ ဂဏန္း​ေတြက အႏၲရာယ္ရွိ​ေၾကာင္း သြား​ေျပာျပာခဲ့ပါတယ္။ ​ေစ်းသည္ကလည္း  အဲဒီဂဏန္း​ေတြကို မသိလို႔​ ေရာင္းလိုက္မိတာ​ျဖစ္​လို႔ ​​ေနာက္မ​ေရာင္း​ေတာ့ပါဘူးလို႔ ကတိ​ေပးလိုက္ပါတယ္။ အဲဒီဂဏန္း​​ေတြရဲ႕ အဆိပ္က လူဆယ္​ေယာက္ ကို​ေတာင္ ​ေသ​ေစႏိုင္​​ေၾကာင္း ကြၽမ္းက်င္ပညာရွင္​​ေတြက ​ေျပာပါတယ္။

Zombie (LoveMedia)
Ref - worldofbuzz