ကလေးကို ချီတဲ့ပုံစံက အလွန်အရေးကြီးပါတယ်။ အချို့ ကလေးချီပုံချီနည်းတွေက ကလေးတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်လို့ပါ။

၁။ ကလေးရဲ့ ဂျိုင်းအောက်မှ ချီခြင်း


ကလေးတွေကို ချီတဲ့အခါ ကလေးတွေရဲ့ခေါင်းကို ကိုင်ထားပေးဖို့ လိုပါတယ်။ မွေးခါစကလေးတွေရဲ့လည်ပင်းကြွက်သားတွေက ကောင်းကောင်းမဖွံ့ဖြိုးသေးပါဘူး။ သူတို့ရဲ့ခေါင်းကို ရုတ်တရက်မလှုပ်ရှားနိုင်သေးတာကြောင့် အသက်ရှူရာမှာ ခက်ခဲသွားတတ်ပါတယ်။ အသက် ၆ လ အထိ ကလေးတွေကို ချီတဲ့အခါ ခေါင်းကို ကိုင်ထားပေးသင့်ပါတယ်။

၂။ ကလေးတွေကို ရှေ့တွင် သိုင်းခြင်း


ကလေးတွေကို ရှေ့မှာ သိုင်းထားတဲ့အခါ သူတို့ရဲ့ခြေထောက်အနေအထား မှန်ဖို့လိုပါတယ်။ ကလေးတွေကို သိုင်းထားပေမယ့် အမေဖြစ်သူက ကိုင်ထားပေးဖို့လည်း လိုပါသေးတယ်။ကလေးရဲ့ခြေထောက်တွေက တွဲလောင်းကျနေတဲ့အခါ အရိုးအဆစ်လွဲတာ ဖြစ်တတ်ပါတယ်။

၃။ ကလေးရဲ့ခေါင်းကို အမေရဲ့ပုခုံးပေါ်တွင် မှီထားခြင်း


ကလေးရဲ့ခေါင်းက အမေရဲ့ပုခုံးပေါ်မှာ ရှိသင့်ပါတယ်။ ကလေးရဲ့ မျက်နှာက ပုခုံးနဲ့ ကပ်နေတဲ့အခါ အသက်ရှူကျပ်တတ်ပါတယ်။

၄။ ဘက်မပြောင်းခြင်း


ကလေးကို ချီတဲ့အခါ ဘက်ပြောင်းပြီးချီပေးဖို့ လိုအပ်ပါတယ်။ ကလေးရဲ့ လည်ပင်းတွေက ကောင်းကောင်းမဖွံ့ဖြိုးသေးတာကြောင့် ကြွက်သားတွေက နှစိဖက်လုံးမှာ ဖွံ့ဖြိုးဖို့ လိုအပ်ပါတယ်။ တစ်ဘက်တည်းမှာပဲ ချီထားတဲ့အခါ သူတို့ရဲ့ခေါင်းလှည့်တဲ့အခါ အခက်အခဲဖြစ်နိုင်ပါတယ်။

၅။ ကလေးရဲ့ကျောကို မကိုင်ခြင်း


ကလေးကို ချီတဲ့အခါ တင်ပါးနဲ့ခေါင်းတင်မကပါဘူး။ ကျောကိုပါကိုင်ထားပေးသင့်ပါတယ်။ ပထမတစ်ချက်ကတော့ ကလေးပြုတ်ကျနိုင်လို့ပါ။ ဒုတိယတစ်ချက်ကတော့ ကျောရိုးမှာ ဖိအားတွေ များနေလို့ပါ။

၆။ ကလေးကို ပိုက်ချီခြင်း


ကလေးကို မိခင်နဲ့ မျက်နှာမူတဲ့ဘက်တူအောင် ပိုက်ချီခြင်းက မကောင်းပါဘူး။ အဲဒီလိုချီနည်းက ကလေးရဲ့ကျောရိုးပေါ်မှာ ဖိအားတွေ များစေပြီး ခြေထောက်ကို တွဲလောင်းဖြစ်နေစေပါတယ်။ အဲဒါကြောင့် ကလေးကို မိခင်နဲ့မျက်နှာချင်းဆိုင်ချီပြီး ကလေးရဲ့ခေါင်းကို မိခင်ရဲ့ပုခုံးပေါ် တင်ထားသင့်ပါတယ်။

Bonus
ကလေးကို လက်ဆွဲခြင်း



ကလေးရဲ့လက်ကို ကြမ်းကြမ်းတမ်းတမ်း မဆွဲသင့်ပါဘူး။ ကလေးရဲ့တံတောင်ဆစ်က အဆစ်လွဲသွားတတ်ပါတယ်။ တံတောင်ဆစ်လွဲတာကို ငါးနှစ်အထက်ကလေးတွေမှာ တွေ့ရတတ်ပါတယ်။

Zombie (LoveMedia)