တချို့လူတွေက သင့်ကို စိတ်တိုလွယ်တဲ့သူလို့ ပြောရင် သင့်ကို ချီးမွမ်းတယ်လို့ ယူဆလိုက်ပါ။ ဘာ့ကြောင့်လဲဆိုတော့ လေ့လာချက်တွေအရ စိတ်တိုလွယ်တဲ့အမျိုးသမီးတွေက ဉာဏ်ပိုကောင်းတတ်လို့ပါပဲ ။



New South Wales တက္ကသိုလ်နဲ့ Stanford တက္ကသိုလ်က ပညာရှင်တွေက စိတ်တိုလွယ်တဲ့ အမျိုးသမီးတွေကို လေ့လာခဲ့ပါတယ်။ ရလဒ်မှာတော့ စိတ်တိုလွယ်တဲ့အမျိုးသမီးတွေက ဉာဏ်ကောင်းရုံတင်မကပါဘူး။ ဆုံးဖြတ်ချက်ချရမှာလည်း ပြတ်သားသူတွေ ဖြစ်ပါတယ်။


စိတ်တိုလွယ်သူတွေက ပတ်ဝန်းကျင်ကသူတွေကို ပိုပြီး သတိထားမိကြပါတယ်။ အမျိုးသမီးတစ်ယောက်ဟာ စိတ်တိုလာလေလေ ပြဿနာရဲ့အရင်းအမြစ်တွေကို စိတ်တိုနေတဲ့ တစ်ခဏမှာ ပိုပြီးရှာဖွေနိုင်လာလေပါပဲ။ တစ်ဖက်မှာလည်း စိတ်ဆတ်တဲ့အမျိုးသမီးတွေက ပြဿာကိုဖြေရှင်းဖို့အတွက် ဆုံးဖြတ်တဲ့အခါမှာလည်း ခေါင်းအေးအေးထားပြီး ခွဲခြမ်းစိတ်ဖြာ စဉ်းစားတတ်သူတွေ ဖြစ်နေပြန်ပါတယ်။


နောက်ထပ် ရလဒ်တစ်ခုကတော့ ပျော်ပျော်နေတတ်သူတွေက စိတ်လိုက်မာန်ပါ ပြုလုပ်တတ်တာပါပဲ။ လူတွေက ဘဝမှာ အမြဲတမ်း ပျော်မနေနိုင်သလို အမြဲတမ်းလည်း ဒေါသထွက် မနေနိုင်ပါဘူး။ ဖြစ်လာတဲ့ ပြဿနာတွေပေါ်မူတည်ပြီး စိတ်တိုတာ၊ စိတ်ဆတ်လွယ်တာပဲ ရှိတာပါ ။


စိတ်တိုတာဟာ အမြဲတမ်းဖြစ်နေတဲ့အရာလည်း မဟုတ်ပြန်ပါဘူး။ အဲဒါကြောင့် စိတ်တိုလွယ်တဲ့သူတွေက စိတ်ထားမကောင်းတဲ့သူတွေ မဟုတ်ပါဘူး။ ဒါပေမယ့် စိတ်တိုလွယ်တာက ကိုယ့်အတွက်ရော၊ ကိုယ့်ပတ်ဝန်းကျင်က လူတွေအတွက်ပါ အန္တရာယ်ရှိပါတယ်။ စိတ်တိုနေတဲ့အချိန်မှာ ခံစားချက်တွေကို ထိန်းချုပ်နိုင်ရင်တော့ အဆင်ပြေသွားပါပြီ။

Zombie (LoveMedia)