စောစောထခြင်းက တစ်နေ့တာလုံးအတွက် လန်းဆန်းစေပြီး ကိုယ်ရောစိတ်ပါ စွမ်းအင်ပြည့်ဝစေတယ်လို့. သိပ္ပံပညာရှင်များက ပြောပါတယ်။

၁။ အိပ်ရေးဝစေတယ်။


မနက်မှာ နောက်ကျစွာထပြီး ရေချိုးခြင်း၊ ကော်ဖီသောက်ခြင်းတွေက အိပ်ရေးမဝစေပါဘူး။ အိပ်ချင်စိတ်က အိပ်ယာထပြီး ၂ နာရီ ကနေ ၄ နာရီ အထိ ရှိနေတတ်ပါတယ်။ စောစောမထရင် အာရုံစိုက်နိုင်စွမ်း၊ မှတ်ဉာဏ်တွေ နည်းပါးပါတယ်။ အဲဒါကြောင့် စောစောထပြီး စောစောထသင့်ပါတယ်။

၂။ ညဘက်မှာ နှစ်ခြိုက်စွာ အိပ်ပျော်စေပါတယ်။


စောစောထတဲ့သူတွေက နှစ်ခြိုက်စွာ ညအိပ်ပျော်စေတယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။ ညအိပ်ချိန်မမှန်ခြင်းက ကျန်းမာရေး ထိခိုက်စေပါတယ်။ ခန္ဓာကိုယ်အတွင်း ဇီဝကမ္မဖြစ်စဉ်တွေကို မမှန်စေပါဘူး။

၃။ အိပ်နေရင်းနှင့်လန့်နိုးခြင်းကို မဖြစ်စေဘူး။


Alarm မြည်မှမထဘဲ စောစောထခြင်းက စိတ်အနှောင့်အယှက်လည်း မဖြစ်စေပါဘူး။ Alarm ကို ပြန်ပိတ်ပြီး အိပ်တာက မကြာခဏလန့်နိုးခြင်းကို အကျင့်ပါစေပါတယ်။ အဲဒါကြောင့် စောစောထပြီးလန်းဆန်းကြပါစို့။

၄။ ခန္ဓာကိုယ်လှပစေတယ်။


Alarm ကို ပြန်ပိတ်ပြီး အိပ်ခြင်းက အိပ်စက်မှုစက်ဝန်းကို ထိခိုက်စေရုံမက အဝလွန်စေပါတယ်။ အိပ်ယာထဲမှာအိပ်နေမယ့်အစား စောစောထပြီး ပိန်ကြရအောင်နော်။

၅။ အချိန်ဆွဲတတ်တဲ့ အကျင့်ကို နည်းပါးစေတယ်။


အချိန်ဆွဲတတ်တဲ့သူတွေမှာ လုပ်ကိုင်စရာတွေက ညနေမှ လုပ်ဖြစ်တတ်ကြ ပါတယ်။ စောစောထတဲ့သူတွေက လုပ်စရာကိစ္စတွေကို စောစောပြီးပြီး အိပ်ရေးလည်း ဝစေပါတယ်။ နောက်နေ့ လုပ်စရာကိစ္စတွေကိုလည်း ကြိုတင်ပြင်ဖို့ အချိန်ပိုရလာပါတယ်။

၆။ စိတ်ဓာတ်ကို တက်ကြွစေတယ်။


စောစောထတတ်တဲ့သူလောက် လန်းဆန်းတတ်ကြွတတ်သူ မများပါဘူး။ စောစောထခြင်းဖြင့် အလုပ်သွားဖို့ အဆင်သင့်ဖြစ်ပြီး ရေတို ရေရှည်ရည်မှန်းချက်တွေကို ပိုမိုလုပ်ကိုင်စေပါတယ်။ စိတ်လည်းတည်ငြိမ်စေပါတယ်။

၇။ သင်ယူရတာ လွယ်ကူလာတယ်။


စောစောထတဲ့သူတွေက သင်ယူရာမှာ လွယ်လွယ်နဲ့ မှတ်မိစေပါတယ်။ ကျောင်းကို၊ ရုံးကို အချိန်မှီရောက်နိုင်ပြီး စိုးရိမ်ပူပန်တာတွေ လျော့ပါးစေ ပါတယ်။ စိတ်ပျော်ရွှင်စေပြီး မှတ်ဉာဏ်ကောင်းစေ ပါတယ်။

၈။ အလေ့အကျင့်ကောင်းတွေကို ရစေတယ်။


အိပ်ယာထနောက်ကျတာ မကောင်းပါဘူး။ စိတ်မကြည်လင်ရင် ဆုံးဖြတ်ချက်တွေ မှားနိုင်ပါတယ်။ စောစောထပြီး လေ့ကျင့်ခန်းတွေလုပ်ခြင်း၊ တရားထိုင်ခြင်း၊ ဘာသာစကားတစ်ခုကို သင်ယူခြင်းတို့က ဘဝအတွက် အကျိုးရှိစေပါတယ်။

၉။ ပျော်ပျော်ရွှင်ရွှင်နေတတ်လာတယ်။


ပျော်ပျော်နေတတ်ခြင်း၊ မနေတတ်ခြင်းတို့က စိတ်အခြေအနေပေါ် မူတည်တယ်လို့ စိတ်ပညာရှင်တွေကဆိုပါတယ်။ အိပ်ယာထနောက်ကျရင် စိတ်ဓာတ်ကျခြင်းတွေ မကြာခဏ ဖြစ်ပေါ်တတ်ပါတယ်။

Zombie(LoveMedia)