ယနေ့ခေတ်မှာ လူဦးရေထူထပ်ပြီး ယာဉ်တွေ ပေါများလာတာကြောင့် လေကောင်းလေသန့်ရဖို့က ခက်လာပါပြီ။ အဲဒါကြောင့် အဆုတ်ကျန်းမာရေးကို ဂရုစိုက်ဖို့ လိုအပ်လာပါပြီ။ အဆုတ်က နေမကောင်းရင် ခန္ဓါကိုယ်မှာ လက္ခဏာတွေ ပြလာတတ်ပါတယ်။

၁။ ကျောနဲ့ ပုခုံးနာကျင်လာခြင်း


ရင်ဘတ်အောင့်တာက အဆုတ်ကင်ဆာရဲ့ ရှေးဦးလက္ခဏာဖြစ်တာတောင် ကျောနဲ့ပုခုံးနာကျင်လာခြင်းက တွေ့ရခဲတဲ့ လက္ခဏာပါပဲ။ ကျောနဲ့ပုခုံးနာကျင်တဲ့လက္ခဏာတွေ ပြလာရင် အဆုတ်ကို ကုသလို့ရပါသေးတယ်။ နာကျင်မှုက ပြင်းထန်လာပြီး ကျောက အမြဲလိုလို နာကျင်နေတယ်ဆိုရင် ဆရာဝန်နဲ့ မြန်မြန်ပြသသင့်ပါတယ်။

၂။ ချောင်းဆိုးခြင်း


အဆုတ်ကျန်းမာရေးမကောင်းရင် ချောင်ူဆိုးလာပါတော့တယ်။ အဲဒီလိုချောင်းဆိုးတာက အအေးမိလို့ ချောင်းဆိုးတာနဲ့ ဆင်ဆင်တူပါတယ်။ ဒါပေမယ့် ချောင်းဆိုးခြင်းက နာတာရှည်ရောဂါတစ်ခုရဲ့ လက္ခဏာလည်း ဖြစ်နိုင်ပါတယ်။ အဲဒါကြောင့် ချောင်းဆိုးလာပြီဆိုရင်လည်း မပေါ့ဆသင့်ပါဘူး။ ချောင်းဆိုးတဲ့အခါ သွေးပါလာပြီ ဆိုရင်တော့ အဆုတ်ကင်ဆာရဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။

၃။ အသက်ရှူမဝခြင်း


နှလုံးအားနည်းတဲ့အခါ၊ အဆုတ်မကောင်းတဲ့အခါ အသက်ရှူမဝဖြစ်တတ်ပါတယ်။ အသက်ရှူမဝဘူးလို့ ခံစားရရင် လေကောင်းလေသန့်ရတဲ့ ကျေးလက်ဒေသကို ခဏတာ ခရီးထွက်သင့်ပါတယ်။ မကြာခဏ မောနေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသဖို့ လိုအပ်နေပါပြီ။

၄။ မျက်လုံးနဲ့ အသားအရေ ဝါလာခြင်း


အဆုတ်ကျန်းမာရေးချို့တဲ့လာတဲ့အခါ မျက်လုံးနဲ့ အသားအရေ ဝါလာတတ်ပါတယ်။ အဆုတ်ကင်ဆာကြောင့် အသည်းမှာ ပြဿနာရှိနေကြောင်း ဖော်ပြတဲ့ လက္ခဏာဖြစ်ပါတယ်။ အသားဝါရောဂါကြောင့်လည်း အသားဝါလာတာဖြစ်နိုင်ပါသေးတယ်။ ရောဂါရင့်လာတဲ့ အခါမှာတော့ မျက်လုံးက အဝါရင့်ရောင်ကို ပြောင်းသွားတတ်ပါတယ်။

၅။ အားကုန်လာခြင်း


အိပ်ရေးမဝခြင်းက စိတ်ပင်ပန်း၊ ကိုယ်ပင်ပန်းဖြစ်စေပါတယ်။ ဒါပေမယ့် မကြာခဏ အားကုန်တာ၊ မကြာခဏ အသက်ရှူမဝတာ၊ အစားစားချင်စိတ် မရှိတာမျိုးတွေ ကြုံလာရင်တော့ ဆေးကုသမှု ခံယူသင့်ပါပြီ။

Bonus
အဆုတ်ကျန်းမာရေးအတွက်


အဆုတ်ကျန်းမာရေးအတွက် ပေါ့ပေါ့ဆဆ မနေသင့်ပါဘူး။ ဆေးလိပ်ဖြတ်လိုက်ခြင်းနဲ့ စားသောက်မှုပုံစံကို ပြောင်းလဲလိုက်ခြင်းက အဆုတ်ကို ကူညီရာရောက်ပါတယ်။


အဆုတ်ကြောင့် နာတာရှည်ဝေဒနာခံစားရပြီဆိုရင် အင်တီအောက်ဆီးဒင့် ကြွယ်ဝတဲ့အစားအစာတွေကို ရွေးချယ်ပြီး စားသုံးသင့်ပါတယ်။ အဆုတ်အတွက် မပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ လုပ်လို့ရပါတယ်။


ပန်းနာရောဂါ မရှိရင်တောင် ပတ်ဝန်းကျင်ရဲ့ ဖုန်မှုန့်နဲ့ ရောဂါပိုးတွေက သွေးကြောထဲရောက်သွားတဲ့အခါ အဆုတ်ကျန်းမာရေးကို ထိခိုက်လာနိုင်ပါတယ်။


အဲဒါကြောင့် သန့်ရှင်းတဲ့လေထုရှိတဲ့နေရာကို ရွေးချယ်ပြီး နေထိုင်သင့်ပါတယ်။

Zombie(LoveMedia)