လူတချို့က ဓာတ်ဆီနံ့ကု အတော်ကို နှစ်ခြိုက်ကြပါတယ်။ ဘာ့ကြောင့် ဓာတ်ဆီကို ကြိုက်ရလဲဆိုတာ သိချင်ပါသလား။

1.ဓာတ်ဆီနံ့က အရက်နံ့နဲ့တူပြီး အရက်လို မူးယစ်စေတတ်ပါတယ်။


 ဓာတ်ဆီကို benzene၊ ပန်းချီ၊ ကော်၊ သန့်ရှင်းရေးပစ္စည်းတွေမှာ အများအားဖြင့် တွေ့ရတဲ့ ဟိုက်ဒရိုကာဗွန်တွေနဲ့ ပြုလုပ်ထားပါတယ်။ ဓာတ်ဆီအနံ့ကို ဝေ့ခနဲရလိုက်တဲ့အခါ ဓာတ်ဆီနံံ့က မေ့ဆေးလို အလုပ်လုပ်ပြီး အာရုံကြောအဖွဲ့အစည်းရဲ့ လုပ်ငန်းတွေကို ချုပ်ထိန်းထားပါတယ်။ အဲဒီကနေတဆင့် အရက်တွေ အများကြီးသောက်ပြီး ပျော်သွားသလို ခံစားချက်တွေ ဖြစ်လာစေပါတယ်။ ဒါပေမယ့် ဓာတ်ဆီနံ့က စိတ်ကျန်းမာရေးကိုလည်း ထိခိုကိစေနိုင်လို့ ခဏခဏတော့ အနံ့မခံသင့်ပါဘူး။

2.သွေးအားနည်းရောဂါဖြစ်စေနိုင်ပါတယ်။


အမေရိကန်သွေးပညာအသင်းက လူနာတွေကို သုတေသနလုပ်တဲ့အခါ သံဓာတ်အားနည်းမှုဟာ ဓာတ်ဆီနံ့၊ရာဘာတာယာနံ့၊ သန့်ရှင်းရေးပစ္စည်းတွေရဲ့အနံ့တွေကို ကြိုက်နှစ်သက်မှုကြောင့်လည်း ဖြစ်ပါတယ်။သွေးအားနည်းရောဂါကို ကုသပြီးသွားတဲ့လူနာတွေက အဲဒီအနံ့တွေကို ကြာကြာမခံနိင်တော့ပါဘူး။သွေးအားနည်းရောဂါမပျောက်ဘဲ ပြန်ဖြစ်တဲ့သူတွေက ဓာတ်ဆီနံ့၊ ရာဘာတာရာနံ့တွေကို ပြန်ပြီး ကြိုက်ကြပြန်ပါတယ်။ တချို့ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကလည်း ဓာတ်ဆီနံ့ကို သဘောကျကြပါတယ်။

3.ဓာတ်ဆီနံ့ကို ရတဲ့အခါ  အတိတ်ကို သတိရစေသလို ဖြစ်တဲ့အတွက်ကြောင့် သဘောကျကြပါတယ်။


တချို့အနံ့တွေကို ရလိုက်တဲ့အခါ အတိတ်ကို ပြန်ရောက်သွားသလို၊ ကလေးဘဝကို ပြန်ရောက်သွားသလို ခံစားရပါတယ်။ မိုးရွာတဲ့အချိန်မှာ ကျူရှင်မတက်ဘဲ သူငယ်ချင်းတွေနဲ့ မိုးရွာတဲ့ဆော့ခဲ့ဖူးတယ်ဆိုရင် မိုးရွာတိုင်း ပျော်ရွှင်စရာဒီအမှတ်တရကို သတိရနေမှာပါ။ ကောင်းတဲ့မှတ်ဉာဏ်တွေက အနံ့တွေနဲ့ ဆက်စပ်မှု ရှိနေပါတယ်။

ဓာတ်ဆီနံ့ကို ရတဲ့အခါမှာလည်း ငယ်ငယ်က အပြင်သွားခါနီး၊ ခရီးသွားခါနီးအချိန်တွေကို ပြန်လည်မှတ်မိစေပါတယ်။ ဂန္ဓာရုံကလည်း စိတ်ခံစားချက်တွေကို လွှမ်းမိုးနိုင်ပါတယ်။ ဒါပေမယ့် ဓာတ်ဆီနံ့ကို ရှူတာက ကစားစရာတစ်ခုတော့ မဟုတ်ပါဘူးနော်။ ဓာတ်ဆီမှာတွေ့ရတဲ့ benzeneက သွေးကင်ဆာကို ဖြစ်စေနိုင်ပြီး အခြားသေစေနိုင်တဲ့ ပြဿနာတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ အဲဒါကြောင့် ဓာတ်ဆီနံ့ကို မရှူတာက အကောင်းဆုံးပါပဲ။

Zombie(LoveMedia)