အမေရိကန်နိုင်ငံက အမျိုးသမီးတွေက တလကို 3.5 ကြိမ်လောက်ငိုပြီး အမျိုးသားတွေက 1.9 ကြိမ်လောက်ငိုတယ်လို့ စစ်တမ်းတွေအရ သိရပါတယ်။ ဒါပေမယ့် ငိုခြင်းက စိတ်ဓါတ်ပျော့ညံ့ခြင်းရဲ့ လက္ခဏာလို့ လူအများစုက ယူဆကြပါတယ်။ တကယ်လို့ ငိုချင်လာရင် မျက်ရည်တွေကို ထိန်းမထားပါနဲ့။ ငိုခြင်းက ကျန်းမာရေးအတွက် အများကြီး အကျိုးပြုပါတယ်။

1.စိတ်ဖိစီးမှု

စိတ်ဖိစီးမှုတွေ များနေတဲ့ အချိန်မှာ ငိုလိုက်တဲ့အခါ စိတ်သက်သာရာ အနည်းငယ် ရသွားပါတယ်။ ငိုခြင်းရဲ့ရလဒ်တွေက ချက်ချင်းမပြသေးပါဘူး။ နှစ်မိနစ်လောက် ကြာရင်တော့ ခန္ဓါကိုယ်က ပိုပြီးသက်သာလာသလို ခံစားရမှာပါ။ ပြီးတော့ငိုခြင်းက ဦးနှောက် ရှုပ်ထွေးနေတာတွေကိ တည်ငြိမ်သွားစေပါတယ်။


2.သွေးဖိအား

သွေးတိုးခြင်းက လေဖြတ်ခြင်း၊ နှလုံးရောဂါ၊ ဦးနှောက်ထိခိုက်ဒဏ်ရာရမှု၊ ကျောက်ကပ်ရောဂါတွေအထိ ဖြစ်စေနိုင် ပါတယ်။ လေ့လာချက်တွေအရ ငိုခြင်းက သွေးဖိအားတွေကို လျော့သွားစေပြီး ပုံမှန်အတိုင်း ဖြစ်သွားစေပါတယ်။

3.ကိုယ်တွင်းအဆိပ်

မျက်ရည်က မျက်လုံးထဲက ဖုန်၊ အမှုန်တွေ၊ အစအနတွေကို ရှင်းလင်းပေးပါတယ်။ စိတ်ဖိစီးမှူတွေကြောင့် ဖြစ်လာတဲ့ အဆိပ်တွေပို မျက်ရည်တွေကို စုပ်ယူသွားပါတယ်။ ခန္ဓာကိုယ်ထဲမှာ အဆိပ်တွေ နည်းလာတဲ့အခါ စိတ်ဖိစီးမှုတွေဖြစ်စေတဲ့ ဟော်မုန်းတွေလည်း နည်းလာမှာပါ။ အဲဒါကြောင့် စိတ်က လန်းဆန်း လာရခြင်း ဖြစ်ပါတယ်။


4.စိတ်အပြောင်းအလဲ

စိတ်က အပြောင်းအလဲ အလွန်မြန်ပါတယ်။ အခု ပျော်ရွှင်နေရင်းကနေ ခဏနေ စိတ်တိုလာတာလည်း ဖြစ်တတ်ပါတယ်။ စိတ်အပြောင်းအလဲ ဖြစ်ခြင်းရဲ့ အကြောင်းအရင်းတွေ အများကြီး ရှိပါတယ်။ အကြောင်းအရင်း တစ်ခုကတော့ ခန္ဓါကိုယ် ထဲမှာ မန်ဂနိဒြပ်စင်တွေ စုလာလို့ပါ။ ငိုလိုက်တဲ့အခါ မန်ဂနိတွေက မျက်ရည်နဲ့အတူ ပါသွားပါတယ်။ အဲဒါကြောင့် စိတ်အနှောင့်အယှက် ဖြစ်လာရင် ငိုချလိုက်ပါ။ အဲဒီအခါ စိတ်တည်ငြိမ်သွား ပါတယ်။

5.နာကျင်မှု

ခန္ဓာကိုယ်မှာ တခုခု နာကျင်ပြီဆိုရင် မျက်ရည်ကျလာ တတ်ပါတယ်။ အဲဒီလို နာကျင်တဲ့ အချိန် မျက်ရည်ကျခြင်းက ခန္ဓါကိုယ်က နာကျင်မှုတွေကို လျှော့ချပေးတဲ့ နည်းတစ်မျိုး ပါပဲ။

Zombie (LoveMedia)