ကြောင်လေးတွေက သူတို့ချစ်တဲ့သူ အပေါ်မှာဆိုရင် ပွတ်သီးပွတ်သပ် လုပ်တာ၊ တက်အိပ်တာကို မြင်တွေ့နိုင်ပါတယ်။ လူတွေက အိမ်မွေး တိရစ္ဆာန်လေးတွေအပေါ် လျှော့တွက်ထားကြတယ်လို့ မကြာသေးခင်က လေ့လာချက်စာတမ်းတစ်ခုမှာ ဖော်ပြထားပါတယ်။

တကယ်တော့ အိမ်မွေးတိရစ္ဆာန်လေးတွေက လူတွေမရှိဘဲ နေထိုင်လို့ဖြစ်ကြောင်း၊လူသားတွေကို သံယောဇဉ်တွယ်လို့ ပွတ်သီးပွတ်သပ်နေကြကြောင်း ဖော်ပြထားပါတယ်။ ကြောင်လေးတွေက လူတွေရဲ့သူငယ်ချင်းကောင်းပါပဲ။

ကြောင်တွေဟာ သူတို့ရဲ့ သခင်တွေအပေါ် သံယောဇဉ်တွယ်နိုင်သလားဆိုတာကို Oregon State တက္ကသိုလ်က လေ့လာခဲ့ပါတယ်။ အဲဒါကြောင့် ကြောင်ပိုင်ရှင် အယောက်70နဲ့ ကြောင် အကောင်70ကို ဖိတ်ခေါ်ပြီး မေးခွန်းတွေ မေးခဲ့ပါတယ်။

လေ့လာမှုမှာ ကြောင်ပိုင်ရှင်နဲ့ သူ့ကြောင်က အခန်းတစ်ခန်းတည်းမှာ 2 မိနစ်ကြာ နေရပါတယ်။ 2 မိနစ်ပြည့်ရင် ကြောင်ပိုင်ရှင်က ကြောင်ကို ထားခဲ့ပြီး အခန်းထဲကနေ ထွက်သွားရ ပါတယ်။ ပြီးရင် ပြန်လာပြီး ကြောင်နဲ့အတူ 2 မိနစ်ထက် ပိုကြာအောင် နေရပါတယ်။ ရလဒ်က အံ့သြစရာကောင်းပါတယ်။


ကြောင် 64%က သူတို့ရဲ့သခင်တွေနဲ့ အတူတူ ရှိနေချိန်ထက် အတူတူ မရှိနေ ချိန်မှာ စိတ်ဖိအားပိုနည်းပြီး ပျော်ရွှင်နေတာကို တွေ့ရပါတယ်။ ကြောင်တွေက ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိကြောင်း၊ တက်တက်ကြွကြွ နေတတ်ကြကြောင်းကို လေ့လာသူတွေ တွေ့ခဲ့ကြ ပါတယ်။

ကြောင် 35 % ဟာ သူတို့သခင်မရှိရင် မနေတတ် ကြပါဘူး။ ခွေးတွေကို စမ်းသပ်တဲ့အခါ ခွေး 58% က သခင်တွေ မရှိလည်း နေတတ်ကြ ပါတယ်။ ခွေးနဲ့ ကြောင်တွေဟာ သူတို့ကို စောင့်ရှောက်တဲ့ ပိုင်ရှင်ကိုသာမက ပိုင်ရှင်ရဲ့ သားသမီးတွေကိုပါ သံယောဇဉ်တွယ်တတ်ကြကြောင်း လေ့လာချက်ရဲ့ခေါင်းဆောင် Kristyn Vitaleက ဖော်ပြပါတယ်။

ကြောင်အများစုက သူတို့ရဲ့အချိန်တွေကို သခင်တွေနဲ့အတူ ကုန်ဆုံးတတ်ပြီး သခင်တွေအပေါ် ပိုမှီခိုတတ်လာပါတယ်။ သူတို့က အေးအေးဆေးဆေးနေချင်တဲ့အခါ၊ ကြောက်နေတဲ့အခါတွေမှာလည်း သခင်တွေဆီ လာနေတတ်ကြပါသေးတယ်။ ကြောင်တွေကို ပိုပြီး လေ့ကျင့်ပေးတဲ့အခါ၊ ရင်းရင်းနှီးနှီးနေပေးတဲ့အခါ သူတို့ဟာ လူတွေအပေါ် ပိုပြီး သံယောဇဉ် တွယ်လာပါတယ်။

ကြောင်တွေက သူတို့နဲ့မရင်းနှီးတဲ့  သူစိမ်းတွေအပေါ်မှာ ဘယ်လိုဆက်ဆံသလဲ ဆိုတာ ထပ်ပြီးလေ့လာသင့်ကြောင်း Skepticsက ပြောပါတယ်။ ဒါပေမယ့် ကြောင်လေးတွေက သူတို့ရဲ့ သခင်တွေနဲ့ စိတ်ချင်း ဆက်သွယ်နေတာ ကတော့ အသေအချာ ပါပဲ။

Zombie(LoveMedia)