တခါက အလွန်ကြမ်းတမ်း ရက်စက်သော ဘုရင်တပါးရှိသည်။ ထိုဘုရင်ကို တိုင်းသူပြည်သားများနှင့် မှူးကြီးမတ်ကြီးများက မနှစ်သက်ကြ သော်လည်း ကြောက်ရွံ့သောကြောင့် ပြန်လှန် ပြောဆိုရန် မရဲကြပေ။ ထိုအထဲတွင် စိတ်ထား မကောင်းသော အမတ်ကြီး တပါးလည်း ပါဝင်သည်။

တနေ့သော် ဘုရင်ကြီးက တတိုင်းပြည်လုံးကို အံ့ဩသွားစေနိုင်မည့် အမိန့်တခုကို ထုတ်ပြန်လိုက်သည်။ ငါ၏ တိုင်းပြည် တဝှမ်းတွင် မည်သည့် ကြမ်းတမ်းရက်စက်ခြင်း၊ တရား မမျှတခြင်း မရှိစေရ ဟူ၍ဖြစ်သည်။

ဤအမိန့် ထုတ်ပြီးကတည်းက ရှင်ဘုရင်ကြီး ကိုယ်တိုင်လည်း သူ၏ စကားအတိုင်း တိုင်းပြည်ကို မေတ္တာ အပြည့်အဝ ထားပြီး တော်တည့် မှန်ကန်စွာ အုပ်ချုပ်သဖြင့် နဂိုက တင်ရှိခဲ့သည် နာမည်ဆိုးပင် ပျောက်ကွယ်သွားပြီး သူ့ကို အလွန် နူးညံ့သိမ်မွေ့သော ရှင်ဘုရင်ကြီးဟု ပြောင်းလဲ ခေါ်ဝေါ်လာကြ အထိပင် ဖြစ်သည်။

လအနည်း ကြာသောအခါ ရှင်ဘုရင်ကြီးအား မလိုမုန်းထား ပိုဖြစ်လာပြီး၊ ဩဇာညောင်းသော မင်းသားတပါးကို ထီးနန်း အပ်လိုသော အမတ်ကြီးက အခြားသူများ မရှိသော အချိန်တွင် တိတ်တဆိတ် ရှေ့တော်သို့ လာရောက် ခစားသည်။

"အရှင်မင်ကြီး၊ စိတ်အနှောက်အယှက် မဖြစ်ရင် တခု မေးချင်ပါတယ်"

"မေးစေ"

"အရှင်မင်းကြီး ယခုကဲ့သို့ အဘယ်ကြောင့် ချက်ချင်းကြီး ပြောင်းလဲသွားသလဲ ဆိုတာကို သိချင်ပါတယ်"

"ဒါက ဒီလိုပါ။ ငါ တနေ့ အရပ်သား အသွင်နဲ့ မဲလိုက်တုန်း ငါနဲ့ အတူ ပါလာတဲ့ အမဲလိုက်ခွေးက ယုန်လေးတကောင်ကို လိုက်ဆွဲတာ ယုန်ရဲ့ ခြေထောက် တဖက်ကို ကိုက်မိတယ်။ ဒါပေမဲ့ ယုန်လေးက ကံကောင်းလို့ ကျောက်တုံးနှစ်ခု ကြားထဲ ဝင်ပြီး လွတ်မြောက် သွားတယ်။

ငါတို့ ရွာထဲရောက်တော့ ခုနက အမဲလိုက်ခွေးက ရွာသားတယောက်ကို သဲသဲမဲမဲ သွားဟောင်တော့ ကျောက်တုံးကြီးနဲ့ ပစ်ပေါက် ခံရတာ ခွေးရဲ့ခြေထောက် တော်တော် နာသွားပုံ ရတယ်၊ မထနိုင် တော့ဘူး။

မကြာပါဘူး အဲဒီခွေးကို ခဲနဲ့ ပေါက်ခဲ့တဲ့ ရွားသားလည်း ရှေ့ နည်းနည်းဘဲ လျှောက်သွားရ သေးတယ်။ လမ်းဘေးမှာ ရှိတဲ့ မြင်းတကောင်က ကန်လိုက်တာ သူ့ရဲ့ ဒူးတဖက် ဒဏ်ရာ ရသွားလို့ မြေကြီးပေါ် ခွေကနဲ ထိုင်ကျသွားတယ်။

မြင်းကလည်း သူ ကန်လိုက်တာကြောင့် လူတွေ ရုတ်ရုတ် သဲသဲ ဖြစ်သွားတာကို လန့်ပြီး ဟိုပြေးဒီပြေး ပြေးရာက ခြေထောက် တဖက်ဟာ ချိုင့်ခွက်တခုထဲ ကျသွားလို့ အနာတရ ဖြစ်ပြီး ပြန်မထနိုင်တော့ဘူး။

အဲဒါတွေ အားလုံးဟာ မကောင်းမှု တခုကြောင့် ဆက်တိုက် ဖြစ်လာတဲ့ မကောင်းမှု သံသရာတွေပါဘဲ။ ဒါကြောင့် ငါလည်း ပြောင်းလဲဖို့ ဆုံးဖြတ်လိုက်တာပါ"

ရှင်ဘုရင်၏ စကားကို ကြားရသော အမတ်ကြီးမှာ လောဘဇော ဖုံးလွှမ်းနေ၍ ကောင်းသော စိတ်နှလုံးကို ရရှိရမည့်အစား ဤအချိန်တွင် ရှင်ဘုရင်ကြီး၏ စိတ်နှလုံး ပျော့ပြောင်းသည်ကို ငါသေချာစွာ သိရပေပြီ။ ရှင်ဘုရင်နှင့် ငါ နှစ်ဦးတည်း ရှိနေသော ဤအချိန်ကို လုံးဝ လက်လွတ် မခံနိုင်။

ထိုကြောင့် ယခုပင် ဘုရင်ကြီးကို လုပ်ကြံတော့မည် ဟူသော စိတ်ယုတ်ဖြင့် တဟုန်ထိုး ရှေ့တိုးလာရာ လှေကားထစ်ကို မမြင်လိုက်၍ ခလုတ်တိုက် မှောက်လဲကျပြီး မိမိ၏ လက်နက်ဖြင့် မိမိကို ပြန်ထိုးမိလေ တော့သည်။ Crd

for zawgyi

ဘဝမကူးေသာ ဝဋ္

တခါက အလြန္ၾကမ္းတမ္း ရက္စက္ေသာ ဘုရင္တပါးရွိသည္။ ထိုဘုရင္ကို တိုင္းသူျပည္သားမ်ားႏွင့္ မႉးႀကီးမတ္ႀကီးမ်ားက မႏွစ္သက္ၾက ေသာ္လည္း ေၾကာက္႐ြံ႕ေသာေၾကာင့္ ျပန္လွန္ ေျပာဆိုရန္ မရဲၾကေပ။ ထိုအထဲတြင္ စိတ္ထား မေကာင္းေသာ အမတ္ႀကီး တပါးလည္း ပါဝင္သည္။

တေန႔ေသာ္ ဘုရင္ႀကီးက တတိုင္းျပည္လုံးကို အံ့ဩသြားေစႏိုင္မည့္ အမိန႔္တခုကို ထုတ္ျပန္လိုက္သည္။ ငါ၏ တိုင္းျပည္ တဝွမ္းတြင္ မည္သည့္ ၾကမ္းတမ္းရက္စက္ျခင္း၊ တရား မမွ်တျခင္း မရွိေစရ ဟူ၍ျဖစ္သည္။

ဤအမိန႔္ ထုတ္ၿပီးကတည္းက ရွင္ဘုရင္ႀကီး ကိုယ္တိုင္လည္း သူ၏ စကားအတိုင္း တိုင္းျပည္ကို ေမတၱာ အျပည့္အဝ ထားၿပီး ေတာ္တည့္ မွန္ကန္စြာ အုပ္ခ်ဳပ္သျဖင့္ နဂိုက တင္ရွိခဲ့သည္ နာမည္ဆိုးပင္ ေပ်ာက္ကြယ္သြားၿပီး သူ႔ကို အလြန္ ႏူးညံ့သိမ္ေမြ႕ေသာ ရွင္ဘုရင္ႀကီးဟု ေျပာင္းလဲ ေခၚေဝၚလာၾက အထိပင္ ျဖစ္သည္။

လအနည္း ၾကာေသာအခါ ရွင္ဘုရင္ႀကီးအား မလိုမုန္းထား ပိုျဖစ္လာၿပီး၊ ဩဇာေညာင္းေသာ မင္းသားတပါးကို ထီးနန္း အပ္လိုေသာ အမတ္ႀကီးက အျခားသူမ်ား မရွိေသာ အခ်ိန္တြင္ တိတ္တဆိတ္ ေရွ႕ေတာ္သို႔ လာေရာက္ ခစားသည္။

"အရွင္မင္ႀကီး၊ စိတ္အေႏွာက္အယွက္ မျဖစ္ရင္ တခု ေမးခ်င္ပါတယ္"

"ေမးေစ"

"အရွင္မင္းႀကီး ယခုကဲ့သို႔ အဘယ္ေၾကာင့္ ခ်က္ခ်င္းႀကီး ေျပာင္းလဲသြားသလဲ ဆိုတာကို သိခ်င္ပါတယ္"

"ဒါက ဒီလိုပါ။ ငါ တေန႔ အရပ္သား အသြင္နဲ႔ မဲလိုက္တုန္း ငါနဲ႔ အတူ ပါလာတဲ့ အမဲလိုက္ေခြးက ယုန္ေလးတေကာင္ကို လိုက္ဆြဲတာ ယုန္ရဲ႕ ေျခေထာက္ တဖက္ကို ကိုက္မိတယ္။ ဒါေပမဲ့ ယုန္ေလးက ကံေကာင္းလို႔ ေက်ာက္တုံးႏွစ္ခု ၾကားထဲ ဝင္ၿပီး လြတ္ေျမာက္ သြားတယ္။

ငါတို႔ ႐ြာထဲေရာက္ေတာ့ ခုနက အမဲလိုက္ေခြးက ႐ြာသားတေယာက္ကို သဲသဲမဲမဲ သြားေဟာင္ေတာ့ ေက်ာက္တုံးႀကီးနဲ႔ ပစ္ေပါက္ ခံရတာ ေခြးရဲ႕ေျခေထာက္ ေတာ္ေတာ္ နာသြားပုံ ရတယ္၊ မထႏိုင္ ေတာ့ဘူး။

မၾကာပါဘူး အဲဒီေခြးကို ခဲနဲ႔ ေပါက္ခဲ့တဲ့ ႐ြားသားလည္း ေရွ႕ နည္းနည္းဘဲ ေလွ်ာက္သြားရ ေသးတယ္။ လမ္းေဘးမွာ ရွိတဲ့ ျမင္းတေကာင္က ကန္လိုက္တာ သူ႔ရဲ႕ ဒူးတဖက္ ဒဏ္ရာ ရသြားလို႔ ေျမႀကီးေပၚ ေခြကနဲ ထိုင္က်သြားတယ္။

ျမင္းကလည္း သူ ကန္လိုက္တာေၾကာင့္ လူေတြ ႐ုတ္႐ုတ္ သဲသဲ ျဖစ္သြားတာကို လန႔္ၿပီး ဟိုေျပးဒီေျပး ေျပးရာက ေျခေထာက္ တဖက္ဟာ ခ်ိဳင့္ခြက္တခုထဲ က်သြားလို႔ အနာတရ ျဖစ္ၿပီး ျပန္မထႏိုင္ေတာ့ဘူး။

အဲဒါေတြ အားလုံးဟာ မေကာင္းမႈ တခုေၾကာင့္ ဆက္တိုက္ ျဖစ္လာတဲ့ မေကာင္းမႈ သံသရာေတြပါဘဲ။ ဒါေၾကာင့္ ငါလည္း ေျပာင္းလဲဖို႔ ဆုံးျဖတ္လိုက္တာပါ"

ရွင္ဘုရင္၏ စကားကို ၾကားရေသာ အမတ္ႀကီးမွာ ေလာဘေဇာ ဖုံးလႊမ္းေန၍ ေကာင္းေသာ စိတ္ႏွလုံးကို ရရွိရမည့္အစား ဤအခ်ိန္တြင္ ရွင္ဘုရင္ႀကီး၏ စိတ္ႏွလုံး ေပ်ာ့ေျပာင္းသည္ကို ငါေသခ်ာစြာ သိရေပၿပီ။ ရွင္ဘုရင္ႏွင့္ ငါ ႏွစ္ဦးတည္း ရွိေနေသာ ဤအခ်ိန္ကို လုံးဝ လက္လြတ္ မခံႏိုင္။

ထိုေၾကာင့္ ယခုပင္ ဘုရင္ႀကီးကို လုပ္ႀကံေတာ့မည္ ဟူေသာ စိတ္ယုတ္ျဖင့္ တဟုန္ထိုး ေရွ႕တိုးလာရာ ေလွကားထစ္ကို မျမင္လိုက္၍ ခလုတ္တိုက္ ေမွာက္လဲက်ၿပီး မိမိ၏ လက္နက္ျဖင့္ မိမိကို ျပန္ထိုးမိေလ ေတာ့သည္။ Crd